ဘီးလင်း၊ ဖေဖော်ဝါရီ ၁၈ ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထို – တောင်စွန်း ကားလမ်းမှဘေးရှိ သိမ်ငူကျေးရွာတွင် ဖေဖေါ်ဝါရီ ၁၇ ရက် မနက် ၃ နာရီခန့်က အရက်မူးနေသော သားဖြစ်သူကို ဖခင်က အသွား တစ်တောင်ခန့်ရှိသော ဓါးမဖြင့် ခုတ် ခဲ့ကြောင်း တောင်စွန်းနယ်မြေရဲစခန်းမှ သိရသည်။

သားဖြစ်သူ ဦးစိုးလင်းထွန်းသည် ဖခင်ဖြစ်သူ ဦးသိန်းလှိုင် ကို အရက်မူးပြီးခြိမ်းခြောက်ပြောဆို ရမှာ ဓါးဖြင့် ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်စွန်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဓားဖြင့်အခုတ်ခံရသူ စိုးလင်းထွန်းမှာ ဦးခေါင်းတွင် ခြောက်ချက်နှင့် လက်တွင် နှစ်ချက်ချုပ်ခဲ့ရပြီး ဒဏ်ရာပြင်း ထန်သဖြင့် ကျိုက်ထိုပြည်သူဆေးရုံမှ ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ ကိုစိုးလင်းထွန်းက အမြဲတမ်းအရက်မူးလာရင် သောင်းကျန်တယ်၊ အခုလည်း သောင်းကျန်းပြီး အိပ်ပျော်သွားတာညနေ ၃ နာရီ လောက်ကျတော ့နိုးလာပြီး သူ့အဖေကို ဘာဖြစ်တယ် ညာဖြစ်တယ် ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီးစကားများရာကနေ သူ့အဖေက မခံချင်တာနဲ့ ဓားနဲ့ဆုံးမပြီး ခုတ်လိုက်တာ” တောင်စွန်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ထပ်လောင်းပြောဆိုသည်။

အဆိုပါ ဓါးခုတ်မှုနှင့် ပက်သက်၍ ဖခင်ဖြစ်သူ ဦးသိန်းလှိုင်အား (ပ) ၈/၂၀၁၆၊ ပြစ်မှုပုဒ်မ – ၃၂၆ ဖြင့် တောင်စွန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး ဘီးလင်းမြို့မရဲစခန်းတွင် ဖမ်းဆီး ထားကြောင်း ယင်း နယ်မြေရဲစခန်းမှ သိရသည်။

Leave a Reply