မော်လမြိုင်၊ မေ ။     ။ ရေးမြို့နယ်၊ အားယုတောင်ကျေးရွာအုပ်စု၊ ရွာကလေးကျေးရွာ ရော်ဘာခြံအတွင်း၌ မေ ၁၅ ရက်၊ ည ၇ နာရီခွဲအချိန်က အရက်အတူသောက်သော သားအဖနှစ်ဦး တောပုန်တူမီသေနတ်အား လုယူရာမှ သားဖြစ်သူက သေနတ်မှန်ပြီး သေဆုံးခဲ့ကြောင်း ရေးမြို့မရဲစခန်းထံမှ သိရသည်။

ရော်ဘာအစေးခြစ် လုပ်သားများဖြစ်သည့် ဖခင် ဦးအပိုနှင့် သားဖြစ်သူ ဦးမြင့်အောင်တို့သည် တဲပေါ်တွင် အရက်တူသောက်ရာမှ ဖခင်ဖြစ်သူက တောပုန်တူမီသေနတ် ယူဆောင်လာသဖြင့် သားဖြစ်သူမှ မကိုင်ရန် လုယူစဉ် သေနတ်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဦးမြင့်အောင်သည် တောပုန်တူ မီးသေနတ်ထိမှန်ရာမှ ဘယ်လက်မောင်းဒဏ်ရာနှင့် ဘယ်နံကြားဒဏ်ရာများ ရရှိခဲ့ပြီး ရေးမြို့နယ်ရှိ ပြည်သူ့ဆေးရုံးကြီးတွင် သေဆုံးခဲ့ကြောင်း အဆိုပါ စခန်းမှ သိရသည်။

သို့ဖြစ်၍ ဦးအပိုကို ရေးမြို့မရဲစခန်းတွင် (ပ) ၁၄၃ / ၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ – ၃၀၄ အရ အမှုဖွင့် အရေးယူထားကြောင်း ရေးမြို့မရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

Written by – ခင်နန်းဌေး

Leave a Reply