(ဓါတ်ပုံအညွန်း – မွန်ပြည်နယ် မှ ရာဘာထုတ်လုပ်သည့် လုပ်ငန်းခွင်တစ် ကိုတွေ့ရစဉ် )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ ။ ။ ရာဘာ ကို အရည်အသွေး ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိမှု နှင့် ရာဘာ အတုများထုတ်လုပ်လာမှု များ ရှိနေခြင်း ကြောင့် မွန်ပြည်နယ် တွင်းရာဘာစျေးနှုန်း များကျဆင်းနေခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် ရာဘာလုပ် ငန်းရှင်များအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောကြားသည်။

ပြီးခဲ့သည့် နှစ်အတွင်း ရာဘာ တစ်ပေါင်လျှင် ငွေကျပ် ၈၃၀ ထိ ရှိခဲ့သော် လည်း ယခု နှစ်ဖေဖော်ဝါရီ လဆန်း ပိုင်းမှ စတင်ကာ ကျပ် ၄၉၀ ကျပ်ထိ ကျင်းဆင်း သွားကြောင်း ရာဘာစိုက်ပျိုးထုတ်လုပ်သူများ ထံမှသိရှိရ သည်။

(ဓါတ်ပုံအညွန်း – မွန်ပြည်နယ် မှ ရာဘာထုတ်လုပ်သည့် လုပ်ငန်းခွင်တစ် ကိုတွေ့ရစဉ် )
(ဓါတ်ပုံအညွန်း – မွန်ပြည်နယ် မှ ရာဘာထုတ်လုပ်သည့် လုပ်ငန်းခွင်တစ် ကိုတွေ့ရစဉ် )
“အပင်နည်းနည်းပဲ စိုက်ထားတဲ့လူတွေကျတော့ ထုတ်ပြီးတစ်ရက် နှစ်ရက်နေရင် ပိုက်ဆံရချင်နေပြီး RSS-1 ကို ရဖို့အတွက် စောင့်ရမယ့်အချိန် ရင်းနှီးရမဲ့ ပစ္စည်းတွေနဲ့ မတတ်နိုင်ဘူး အဲတော့ အရည်အသွေးမပြည့်မှီဘူး ကမ္ဘာ့ပေါက်စျေးမရဘူးပေါ့”ဟုနိုင်ကျန်ရစ် ဆက်လက်ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် ရာဘာတစ်ပေါင်လျှင် ကျပ် ၈၀၀ ကျော် ရှိသော်လည်း ယခုနှစ် ဆနး်ပိုင်းတွင် ၄၉၀ ကျပ် ထိ ကျဆင်း ခဲ့ပြီး ဖေဖော်ဝါရီ လ ဒုတိယ အပတ်တွင် ငွေကျပ် ၅၀၀ ကျော်သို့ အနည်း ငယ်ပြန်လည်မြင့်တက် လာ ကြောင်း ရာဘာစိုက်ပျိုးသူများ ထံမှသိရှိရသည်။

“အရည်အသွေးကတော့ အမှန်တကယ်ည့ံတယ် အဆင့်အတန်းမမှီသေးဘူ ဒါပေမဲ့ အရည်အသွေး ကောင်းပြီး တော့ အဆင့်အတန်းမှီတဲ့ ရာဘာဝယ်တဲ့လူ ရှိလားဆိုတော့လည်း ဝယ်တဲ့လူမရှိပြန်ဘူး အခုရောင်းဝယ်ဖောက် ကားနေတဲ့ RSS-3 (RIBBED SMOKED SHEET-3) က နိုင်ငံတကာစျေးကွက်မှာ မဝင်ဘူးလေ”ဟု သံဖြူဇရပ်မြို့ နယ် ရော်ဘာအဝယ်ဒိုင်တစ်ခုမှ ကိုသန်းနိုင်က ပြောသည်။

မွန်ပြည်နယ်မှ ထွက်ရှိသော ရာဘာများကို တရုတ်နိုင်ငံမှ အဓိက ဝယ်ယူပြီး ရာဘာအစေးအရည်များကို အခဲပြု လုပ်ရာတွင် သာမန်နည်းကိုသာ အသုံးပြုနေခြင်းကြောင့် အရည်အသွေးပြည့် မီမှု မရှိကြောင်း ထို့ကြောင့် စျေးများတစ်နှစ်အတွင်း ဆက်တိ်ုက် ကျဆင်းလာခြင်း ဖြစ်ကြောင်း နိုင်ကျန်ရစ် ကဆိုသည်။

ရာဘာအတု ကို ရေနံစိမ်းမှ တဆင့် မြန်မာ နိုင်ငံတွင်းထုတ်လုပ်မှုများ ရှိနေခြင်း ကြောင့် လည်း ရာဘာစျေးနှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

Leave a Reply