အရိုးအဆစ်ရောင်ရမ်းခြင်း (OA=osteoartitis)

ခုတစ်လောဆေးခန်းတွင် အဆစ်နာခြင်းနှင့်အဆစ်များတောင့်တင်းခြင်းခံစားနေရသောလူနာများ လာများနေသည်။ မိုးလင်းထထချင်း ခြေဆစ်လက်ဆစ်များကိုက်ခဲခြင်း၊ တောင့်တင်းခြင်းနှင့် အလုပ်လုပ်ပြီးချိန်တွင် ခြေလက်များမအီမသာဖြစ်ခြင်းတို့သည် အရိုးအဆစ်ရောင်ရမ်းခြင်း(OA=osteoartitis)၏ ရောဂါလက္ခဏာဖြစ်သည်။

အစပထမဦးဆုံးသောရောဂါလက္ခဏာမှာ လေ့ကျင့်ခန်းကဲ့သို့သောအသေးစားများအလုပ်လုပ်ပြီးလျှင် အဆစ်အမြစ်ကိုက်ခြင်းမှစကာ အဆစ်အမြစ်များရောင်ရမ်းခြင်း၊ လှုပ်ရှားမှုမရသည့်အထိဖြစ်တတ်သည်။ အများဆုံးဖြစ်သောနေရာများမှာလက်ချောင်းလေးများ၊ ခြေချောင်းလေးများ၊ လည်ပင်းနှင့် ကျောရိုးတစ်လျှောက်ဖြစ်တတ်သည်။ ရောဂါဆိုးဝါးလာလျှင် ပေါင်ရိုးဆစ်နှင့်ဒူးခေါင်း၊ တံတောက်ဆစ်များပါရောင်ရမ်းကာထိခိုက်တတ်သည်။

ထိုကဲ့သို့ဖြစ်စေသောအကြောင်းအရင်းများတွင် အရိုးအဆစ်အနာဟောင်းများ၊ ထိခိုက်မှုများရှိခြင်း၊ အလေးအပင် မ မရခြင်းနှင့်မျိုးရိုးလိုက်ခြင်းတို့ကြောင့်ဖြစ်တတ်သည်။ ထိမိခိုက်မိအနာဟောင်းများနှင့် အလေးအပင်မ မရသော သူများတွင်အများဆုံးတွေ့ရသည်။ အရိုးအဆစ်၏ခံနိုင်အားနှင့် အလေးချိန်မမျှသောအခါတွင် အရိုအဆစ်လွဲခြင်းမှတစ်ဆင့်အဖြစ်များသည်။ အစဦးဆုံးတွင် အရိုးအဆစ်ရောင်ရမ်းခြင်းမှစ၍ တဖြည်းဖြည်းအခြေအနေဆိုးဝါးလာလျှင် cartiage ခေါ်အရိုးနုများစားသွားခြင်း၊ အရိုးများပါးကာလှုပ်ရှားနိုင်မှုမရခြင်းတို့ဖြစ်တတ်သည်။

အဓိကအားဖြင့် အရိုးအဆစ်ရောင်ရမ်းခြင်းနှင့် ခြေချောင်းလက်ချောင်းများတောင့်တင်းကာ လှုပ်ရှားခြင်းပြု၍မရခြင်းတို့သည် အရိုးအဆစ်ရောင်ရမ်းခြင်း၏ရောဂါလက္ခဏာဖြစ်သည်။ တစ်ခါတစ်ရံတွင် အရိုးအဆစ်များမှ ဆူညံသံ(creptius)များကြားရတတ်သည်။ ထိုအသံများသည် ပခုံးဆစ်နှင့် ဒူးခေါင်းဆစ်များလှုပ်ရှားချိန်တွင်ကြားရတတ်သည်။ အရိုးအဆစ်များရောင်ရမ်း၍ရေဝိုင်းခြင်း(joint effusion) များလည်းဖြစ်တတ်သည်။

အရိုးအဆစ်နာရောင်ရမ်းခြင်း၏အဓိကကုသမှုနည်းလမ်းမှာ နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြစ်သည်။ ထိုအပြင်အကိုက်အခဲပျောက်ဆေးနှင့် သင့်တော်သောပိုးသတ်ဆေးများဖြင့်ကုသခြင်းဖြစ်သည်။ နေထိုင်မှုပုံစံတွင် ကိုယ်အလေးချိန်လျှော့ချခြင်းသည် အဓိကဖြစ်သည်။ အလေးအပင်များကိုတတ်နိုင်သလောက်သာမခြင်းပြုလုပ်သင့်သည်။ အတော်အတင့်ချွေးထွက်သောလေ့ကျင့်ခန်းမျိုးပြုလုပ်သင့်သည်။ ထို့အပြင်နေရာကိုလိုက်၍လေ့ကျင့်ခန်းများြ့ပုလုပ်သင့်သည်။ ကျောရိုးဆန့်ခါးပတ်များပတ်ခြင်း၊ ခဲဆွဲခြင်းတို့လည်းပြူလုပ်သင့်သည်။ သင့်တော်သောအကိုက်အခဲပျောက်ဆေးနှင့်ပိုးသတ်ဆေးကိုသုံးစွဲလျှင်ပျောက်ကင်းနိုင်သောရောဂါဖြစ်သည်။

OA ဟုခေါ်သော အရိုးအဆစ်ရောင်ရမ်းခြင်းသည် လူတိုင်းတွင်ဖြစ်ပွားစေသည်။ အထူးသဖြင့်အမျိုးသားများတွင်အဖြစ်များကာ အမျိုးသမီးများတွင်လည်းဖြစ်ပွားတတ်သည်။ ရောဂါဖြစ်လျှင် အလေးအပင်မခြင်းမပြုရ၊ ကိုယ်လက်လှုပ်ရှားမှုကိုနည်းနိုင်သမျှနည်းအောင်နေထိုင်ရသည်။ သို့သော်ထိရောက်သောကုသမှုရရှိလျှင်ပျောက်ကင်းနိုင်သောရောဂါဖြစ်သည်။ ထို့ကြောင့်လူနာများအနေဖြင့်လည်း ရောဂါလက္ခဏာများကိုသတိပြုကာ အနာသိ၍ဆေးတိုးကြပါစေဟုဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။ ။

Written by ဒေါက်ဦး(မွန်)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.