မော်လမြိုင်၊ အောက်တိုဘာ ၂၉

မြဝတီမြို့ ၊ သင်္ကန်းညီနောင်ရပ်ကွက်အနီးတွင် အောက်တိုဘာလ ၂၈ ရက်နေ့က လမ်းဘေ၌ ရပ်နေသူအား ဝင်တိုက်မိရာမှ သေဆုံးမှု ဖြစ်ပွားခဲကြောင်း သင်္ကန်းညီနောင် ရဲစခန်းမှ သိရသည်။

အဆိုပါ မော်တော်ယာဉ်သည် အာရှလမ်းမကြီးတစ်လျှောက် မြဝတီဘက်မှ ယာဉ်မောင်း ဦးချစ်မင်းသန့်သည် အရက်သေစာ သောက်စား၍ မောင်းနှင်ခဲ့ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ဘေး ထိုးကျရာမှ ရပ်နေသူ မောင်ထွန်းလင်းမြတ် အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တန်းတွင် ဖော်ပြထားသည်။
၎င်းမော်တော်ယာဉ်ဖြင့် ဝင်ရောက် တိုက်မိသည့် မောင်ထွန်းလင်းမြတ်သည် အခင်းဖြစ်ပွားရာ နေရာတွင် မျက်နှာနှင့် ဦးခေါင်း ညိုမဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရဲမှတ်တန်းတွင် ပါရှိသည်။

ယင်းမော်တော်ယာဉ်သည် ထပ်မံ၍ လမ်းနှင့် ၁၀ ပေခန့်အကွာရှိ ကျွန်းပင်ကို ဝင်တိုက်ခဲ့ကာ ကိုဟိန်း ဝပ်ရှော့ အုတ်တံတိုင်းတွင် ရပ်တန့်ခဲ့ကြောင်း ရဲမှတ်တန်း အရ သိရသည်။

ယာဉ်မောင်းနှင် ယာဉ်ပေါ်လိုက်ပါလာသူ လီဆန်းရီ၊ လီဆီယေးနှင့် လီချန်းအောင်တို့ လေးဦးမှာလည်း ဒဏ်ရာများရရှိခဲ့ကြောင်း ရဲမှတ်တန်းတွင် ပါရှိသည်။

အဆိုပါ မော်တော်ယာဉ်အား အရှိန်ပြင်းစွာ မောင်းနှင်ပြီး လမ်းဘေး၌ ရပ်နေသူအား သေဆုံးစေပြီး ယာဉ်ပေါ်ပါသူများ ဒဏ်ရာရရှိခြင်းတို့ကြောင့် ယာဉ်မောင်း ဦးချစ်မင်းသန့်အား ယာဉ် ပ ၄၃/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄ – က တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Written by – ရင်ငြိမ်းချမ်း

Leave a Reply