Advertisements

Robert Walters အလုပ်အကိုင်ရှာဖွေရေးဌာန၏ သုတေသနစစ်တမ်းအရဆိုလျှင် စီပွားရေးအရ အန္တရာယ်ရှိသည့် အခြေအနေများရှိနေသော်လည်း ထိုင်းနိုုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများရှိ အလုပ်အကိုင်ဈေးကွက်မှာ ကောင်းမွန်နေကြောင်း သိရသည်။

ဈေးကွက်အသစ်ဝင်လာခြင်း၊ လက်ရှိလုပ်ငန်းများ တိုးချဲက်လုပ်ကိုင်ကြခြင်းကြောင့် ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ၁၉ ကြိမ်မြောက်ထုတ်ပြန်သော အဆိုပါအစီရင်ခံစာထဲတွင် ၂၀၁၇ ခုနှစ်အတွင်း အလုပ်ခေါ်ယူမှုစည်းကမ်းများအကြောင်းနှင့် လာမည့်နှစ်အတွက် ခန့်မှန်းချက်များကို ဖော်ပြထားသည်။

ဒီဂျစ်တယ်စနစ်ဖော်ဆောင်နေခြင်း၊ ဒေသတွင်းစီးပွားရေးခိုင်လာနိုင်ခြင်း၊ ဈေးကွက်ချဲ့ထွင်လာနိုင်ခြင်းတို့ကြောင့် ၂၀၁၈ခုနှစ် ခန့်မှန်းချက်များမှာလည်း အကောင်းဘက်က များပါသည်။ အထူးသဖြင့် IT နည်းပညာကျွမ်းကျင်သူများ၊ နိုင်ငံတကာ အတွေ့အကြုံရှိသူများကို ပိုမိုငှားရမ်းလာနိုင်ဖွယ်ရှိနေပါသည်။

အရှေ့တောင်အာရှဒေသတွင်းရှိ နိုင်ငံများများ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကွဲပြားနေကြသောလည်း တူညီသောအရာမှာ ဒီဂျစ်တစ်စနစ်အပြောင်းအလဲသည် ဈေးကွက်တော်တော်များများတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ လူငယ်ပမာဏ တိုးပွားလာခြင်းနှင့် စားသုံးသူဗဟိုပြုစနစ်ထွန်းကားလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သုတေသန စစ်တမ်းက ဆိုထားပါသည်။

စီးပွားရေးလုပ်ငန်းမာျးတွင် ဒီဂျစ်တယ်စနစ်ပြောင်းလဲခြင်းကြောင့် စီမံခန့်ခွဲမှုအတွေ့အကြံကောင်းရှိသော HR ကျွမ်းကျင်သူများ နေရာပိုရလာနိုင်ကြောင်း သုတေသနက ဆိုသည်။

သို့သော် ထူးချွန်ကျွမ်းကျင်သည့်အလုပ်သမားရှားပါးမှု၊ ဝန်ထမ်း နှုတ်ထွက်၊ အလုပ်ထုတ်နှုန်းမြင့်မားမှုတို့ကြောင့် အရှေ့တောင်အာရှဒေသသည် ကျွမ်းကျင်လုပ်သမားများကို ငှားရမ်း ထိန်းထားနိုင်မှုတွက် အခက်ကြုံရနိုင်သည်ဟု ဆိုပါသည်။

Source: The Nation

 

Advertisements
<

Leave a Reply