အရှေ့အလယ်ပိုင်းဒေသမှာ ဒေါ်လာ ၃ဒသမ၁ဘီလီယံ ရင်းနှီးမြှုပ်နှံလိုက်တဲ့ Uber ကုမ္ပဏီ

နယူးယောက် မတ် ၂၇

အမေရိကန်အခြေစိုက် ကားအငှားဝန်ဆောင်မှုကုမ္ပဏီ Uberဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ဘီဘီယံ (သန်းပေါင်း ၃၁၀၀) ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ မတ်လ ၂၇ရက်နေ့က ကြေညာပါတယ်။

အရှေ့အလယ်ပိုင်းဒေသတစ်ခုဖြစ်တဲ့ ဒူဘိုင်းမှာ Uberရုံးခွဲကို ၂၀၁၂ခုနှစ်ကတည်းက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး အခြေခိုင်လာတာကြောင့် အရှေ့အလည်ပိုင်းဒေသတစ်ခုလုံးကို ရင်းနှီးမြှုပ်နှံဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။

Uberကုမ္ပဏီရဲ့ ဝန်ဆောင်မှုအသုံးပြု ကမ္ဘာနဲ့အဝန်းမှာ သန်း ၃၀ကျော်ရှိနေပြီးတောင်အာဖရိကနိုင်ငံတွေ အပါအဝင် မြို့ပေါင်း ၁၂၀မှာ ဝန်ဆောင်မှုပေးပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ အရှေ့အလည်ပိုင်းဒေသ၊ အာရှတိုက်တောင်ပိုင်းနဲ့ မော်ရိုကိုကနေ ပါကစ္စတန်နိုင်ငံတွေအထိ ရင်းနှီးမြှုပ်နှံထားပါတယ်။

ကုမ္ပဏီရဲ့အသွင်အပြင်ကို ကမ္ဘာ့အကြီးမားဆုံး နည်းပညာသုံးပြီးအငှားကားဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီးတစ်ခုအဖြစ်ဖော်ဆောင်သွားမယ်လို့ စီအီးအို ဒါရာကိုဆိုဆာဟီကပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ကြေညာချက်ကိုထုတ်ပြန်ပြီးမကြာခင်မှာပဲ အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ Uberလုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာ ၁၂၀ဘီလီယံ ထပ်မံတိုးမြှင့် ရင်းနှီး မြှုပ်နှံလိုက်ပါသေးတယ်။

အငှားကားဝန်ဆောင်မှု Appကို အိုင်ဖုန်းအပြင် မည်သည့် အန်းဒရိုက်ဖုန်းအမျိုးအစားမှာမဆို လွယ်လွယ်ကူကူ သုံးနိုင်အောင်လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတွေကတော့ ၂၀၂၀ခုနှစ်မှာကုမ္ပဏီရဲ့ အမြတ်ငွေဟာ အမေရိကန်ဒေါ်လာ ၁ဒသမ ၄ဘီလီယံအထိရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.