Advertisements

 

မော်လမြိုင်၊ ဒီဇင်ဘာ 

မွန်ပြည်နယ်တွင် အလုပ်ခွင်ပြင်ပမှ ယာဉ်တိုက်မှုကြောင် လှုမှုဖူလုံးရေရုံးတွင် ထိခိုက်နစ်နာကြေးတောင်းခံသူ ရှစ်ဦးသာရှိခဲ့ကြောင်း ပြည်နယ် လှုမှုဖူလုံးရေးရုံးထံမှ သိရသည်။

ယခုနှစ်ဘဏ္ဍာရေးနှစ်စ ဧပြီလမှ နိုဝင်ဘာလအတွင်း မော်လမြိုင်မြို့နယ် လေးဦး၊ မုဒုံမြို့နယ် တစ်ဦး၊ ပေါင်မြို့နယ် တစ်ဦး၊ ကျိုက်ထိုမြို့နယ် တစ်ဦးနှင့် ဘီးလင်မြို့နယ် တစ်ဦး လာရောက် နစ်နာကြေးတောင်ခံခဲ့ကြောင်း ပြည်နယ်လူမှုဖူလုံးရေးရုံးမှ ဒု-ညွန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက ပြောကြားသည်။

“ယာဉ်တိုက်မှုဖြစ်ပွားရင်လည်း ယာဉ်စည်ကမ်း လမ်းစည်းကမ်းမလိုက်နာတယ် လျော်ကြေးမပေးဘူး။ အခုချိန်တွင်မှ သေဆုံးသူတစ်ယောက်မှ လျော်ကြေးလာတောင်းတဲ့လူမရှိသေဘူး။ ဒဏ်ရာ ရတဲလူတွေဘဲ အစီရင်ခံစာလာတင်ကြတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါလုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်မှုဖြစ်ပွားပါက မြို့နယ်လှုမှုဖူလုံးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရရှိခဲ့သည် ဒဏ်ရာများအပေါ် ပြန်လည်ကြည်ပြီး အလုပ်ပျက်သည် လျော်ကြေးငွေအဖြစ် ပေးအပ်ခဲ့ပြီး သေဆုံးသူတစ်ဦးလျှင် လစာ၏ အဆ ၃၀ လောက် လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် မွန်ပြည်နယ်၌ ယင်းလှုမှုဖူလုံးရေးနှင့် မြို့နယ် လူမှုဖူလုံးရေးတို့ ပူပေါင်းပြီး ကွင်းစစ်က ပြည်သူများ သိရှိစေရန် ဟောပြောပွဲများ ပြုလုပ်နေကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

ထိုနှင့်အတူ ယာဉ်တိုက်မှုကြောင် မော်လမြိုင်ခရိုင် အာမခံလုပ်ငန်းတွင် ယခုဘဏ္ဍာရေးနှစ်စ ဧပြီလမှ နိုဝင်ဘာလအတွင်း သေဆုံးသူ ငါးဦးရှိပြီး နစ်နာကြေး လာရောက်တောင်းခဲ့ကြောင်း မော်လမြိုင်ခရိုင် မြန်မာအားမခံလုပ်ငန်း၊ ပြည်နယ် တာဝန်ခံ ဦးအောင်ဟိန်းကျော်က ပြောကြားခဲ့သည်။

မွန်ပြည်နယ်တွင် ယခုနှစ်စမှ နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆမှု ၈၂၀ မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၈၉ ဦး၊ ဒဏ်ရာရရှိသူ ၁၄၃၅ ဦးထိရှိခဲ့ကြောင်း မွန်ပြည်နယ် အမှတ် ၁၂ ယာဉ်ထိန်းရဲတပ်မှူးရုံးထံမှ သိရသည်။

Written by ခင်နန်းဌေး

Advertisements
<

Leave a Reply