Advertisements

မြဝတီ၊ အောက်တိုဘာ ၁၃ ရက်။

MOU စနစ်ဖြင့် တရားဝင်သွားရောက်ခဲ့သော်လည်း စာချုပ်ပါအချက်များဖောက်ဖျက်ကာ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား(၁၀၀)ကျော်က နစ်နာမှုများအား ပြန်လည်မဖြေရှင်းပေးပါက အေးဂျင့်ကုမ္ပဏီများကို တရား စွဲဆိုမည်ကြောင်း သိရှိရသည်။

အလုပ်ထုတ်ခံရသည့် ရွေ့ပြောင်းမြန်မာအလုပ်သမား(၁၇၁)ဦးသည် ရွှေစင်ကိုးပွင့်ကုမ္ပဏီ၊ ရန်အေးကုမ္ပဏီတို့ နှင့် ချိတ်ဆက်၍ တရားဝင် MOU စနစ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကာ အောက်တိုဘာ ၁၂ ရက်၊ နံနက်(၁၀)နာရီ တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေးကော်မတီ(AAC)မဟာမိတ်အဖွဲ့၏ ကူညီဆောင် ရွက်မှုဖြင့် မြဝတီမြို့ရှိ ကျောက်လုံးကြီးပြန်လည်ကြိုဆိုရေးစခန်းသို့ရောက်ရှိခဲ့ကြောင်း သိရသည်။

Advertisements
data-language="en"

“အလုပ်သမားဌာနကိုတောင်းဆိုချင်တာက အလုပ်သမားဌာနအနေနဲ့ ဒီ MOU အေးဂျင့်တွေကို ထိထိရောက် ရောက်၊ မှန်မှန်ကန်ကန်အရေးယူပေးပါလို့ တောင်းဆိုချင်ပါတယ်။ အခုလည်း ကျွန်တော်က ရွှေစင်ကိုးပွင့်ကုမ္ပ ဏီနဲ့ သွားတာပါ။ တရားဝင် MOU နဲ့ပါ။ မြန်မာငွေ(၈)သိန်းလောက် ကုန်ကျခဲ့ပါတယ်။ အဲဒါတွေကို ဘယ်လိုဖြေ ရှင်းပေးမလဲ။ ကျွန်တော်တို့ ပြန်လည်တောင်းဆိုမယ်။ ကျေနပ်လောက်အောင်မဖြေရှင်းနိုင်ရင် တရားစွဲဆိုသွား မှာပါ။”ဟု ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

၎င်းကို စတင်ခေါ်ယူခဲ့စဉ်က စာချုပ်ထဲတွင် ထိုင်းနိုင်ငံ၊ မန်ဘူရီမြို့ရှိ သစ်သီးအချိုရည်စက်ရုံ၌ အလုပ်ရမည်ဟု ဆိုကာ ၂၀၁၇ ခုနှစ် မတ် ၁၅ ရက်တွင် မြန်မာနိုင်ငံမှသွားရောက်ခဲ့ရာ မတ် ၁၈ ရက်တွင် အဆိုပါစက်ရုံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

“အလုပ်ရှိတုန်းက ခိုင်းတယ်၊ မရှိတော့ထုတ်လိုက်တယ်။ စာချုပ်က Work Permit ပါအပြီးဆိုပြီး ဟိုရောက် တော့ Work Permit ကြေး ဘတ်(၁၅၀၀)ထပ်ပေးရတယ်။ MOU နဲ့တရားဝင်သွားခဲ့ပေမယ့် အဲဒီထိုင်းပွဲစား မစ္စတာနိုင်ဖာခင်ဆိုတဲ့လူက ပို့ချင်တဲ့နေရာပို့တော့ အလုပ်ရှင်မတူတော့ဘူး။ အဲဒီတော့ ထိုင်းရဲလာဖမ်းရင် ပုန်း ရတဲ့ဘဝ၊ မိရင်အဖမ်းခံရတဲ့ဘဝအထိ ဖြစ်ခဲ့ရပါတယ်။ ဒီစာချုပ်ထဲမှာပါတဲ့ အလုပ်သမားခံစားခွင့်တွေကို တစ်ခု မှ မရရှိပါဘူး။”ဟု ရွေ့ပြောင်းအလုပ်သမားတစ်ဦးကပြောသည်။

အဆိုပါအလုပ်သမားများသည့် လုပ်ငန်းခွင်သို့ မတ် ၂၁ ရက်တွင် ဝင်ရောက်ခဲ့ပြီး အချို့မှာလည်း ၂၇ ရက်၊ ၂၈ ရက်မှ အလုပ်ရရှိကြပြီးနောက် မန်ပူရီ၊ ဝိုင်တ၊ ကမ်ချမ်နာပူရီမြို့တို့ကို ပို့ဆောင်ခံရသည့်အပြင် စာချုပ်သက် တမ်း(၂)နှစ်ဟုဆိုသော်လည်း (၆)လသာလုပ်ကိုင်ခဲ့ရကာ စက်ရုံ၏ တရားဝင်အေးဂျင့်နှင့် မဟုတ်ဘဲ ပွဲစားနှင့် လာသည်ဟုဆိုကာ အလုပ်ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်ဖြုတ်ပစ်တော့ သူတို့မှာ ဒုက္ခတွေဖြစ်ပြီး ကျွန်တော်တို့ ဆီရောက်လာကြလို့ မြဝတီကိုပြန်ခေါ်လာခဲ့တာ ပါ။ အဓိကတော့ ဒီကအေဂျင်စီတွေက စာချုပ်ချုပ်ပြီးခေါ်သွားပေမယ့် ထိုင်းကိုရောက်တော့ စာချုပ်ထဲပါတဲ့ အ လုပ်ရုံတွေကိုမပို့ပေးဘဲ ထိုင်းပွဲစားတွေကတဆင့် တခြားစက်ရုံတွေကိုပို့ပေးလိုက်တယ်။ အဲဒီစက်ရုံတွေက အ လုပ်ရှိရင်ခိုင်းတယ်။ အလုပ်မရှိတော့ ဖြုတ်ပစ်လိုက်တယ်။”ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့် ရှောက်ရေးကော်မတီ(AAC)မဟာမိတ်အဖွဲ့မှ အထွေထွေတာဝန်ခံ ကိုရဲမင်းကပြောသည်။

အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ရွှေစင်ကိုးပွင့်ကုမ္ပဏီနှင့် ရန်အေးကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိပြန်လာသည့်အလုပ်သမားများမှာ ရွှေစင်ကိုးပွင့်ကုမ္ပဏီစာချုပ်ဖြင့် သွားရောက်ခဲ့သူ(၁၅၆)ဦး၊ ရန်အေး ကုမ္ပဏီစာချုပ်ဖြင့် သွားရောက်ခဲ့သူ(၁၅)ဦးတို့ ပြန်လာခြင်းဖြစ်သည်။

Leave a Reply