(ဓါတ်ပုံ အညွှန်း – သောက်ရေသန့် )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၁ ။ ။ မော်လမြိုင်မြို့တွင် သောက်ရေသန့် စျေးနှုန်းများ မြင့်တက်နေရခြင်း၏ အဓိက အကြောင်းအရင်းသည် အလုပ်သမားစရိတ် မြင့်မားလာခြင်းကြောင့်ဖြစ်ကြောင်း ROCKET သောက်ရေသန့်စက်ရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

(ဓါတ်ပုံ အညွှန်း – သောက်ရေသန့်  )
(ဓါတ်ပုံ အညွှန်း – သောက်ရေသန့် )

ယခင်က သောက်ရေသန့် ယာဉ်မောင်းတစ်ဦးကို တစ်လ ၉၀၀၀၀ ကျပ်ခန့် ပေးရသော်လည်း ယခုတွင် တစ်လ ၁၅၀၀၀၀ ကျပ်ပေးရကြောင်းနှင့် ရေသန့်ရောင်းရမှု ကော်မရှင်ခထည့်ပေါင်းက တစ်လလျှင် ၂၀၀၀၀၀ ကျပ်ခန့် ပေးရကြောင်း ၎င်းက ပြောဆိုသည်။

“ဖြစ်သင့်တဲ့ စျေးနှုန်းအနေအထားတစ်ခု သတ်မှတ်ရအောင်ဆိုပြီးတော့ အားလုံးက အစည်းအဝေးခေါ်ကြတယ်၊ တပြေညီပဲ မကိုက်တော့ဘူး၊ ဒီအလုပ်က ရေရှည်မှာ တည်တံ့နိုင်ဖို့အတွက်ပေါ့၊ လူတွေသုံးနိုင်တဲ့ အနေအထား တစ်ခုလည်း ဖြစ်ဖို့လိုတယ်လေ၊ စျေး ခဏခဏတက်နေလို့လည်း မဖြစ်ဘူး”ဟု ၎င်းက ဆက်လက််ပြောသည်။

သောက်ရေးသန့် အလုပ်သမားများကို ကုမ္ပဏီသက်မှတ်လစာဖြင့်သာ ငွေရှင်းပေးရာမှ ယခုတွင် အစိုးရ သတ်မှတ်သည့် အခြေခံလုပ်ခလစာ ၃၆၀၀ ကျပ်နှုန်းဖြင့် ငွေပေးရခြင်းကြောင့် လုပ်အားခများ စျေးတက်လခြင်း ဖြစ်ကြောင်း သောက်ရေသန့် လုပ်ငန်းရှင်းများက ဆိုသည်။

သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်များသည် ၎င်းတို့ရင်းနှီးထားသော ပမာဏနှင့် အကျိုးအမြတ် နည်းလာသဖြင့် ဆက်လက် လည်ပတ်ရန် ဖေဖော်ဝါရီ ၄ ရက်က ရေသန့်စက်ရုံအားလုံး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ မှစတင်၍ သောက်ရေသန့်စျေးနှုန်းအသစ်ဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်းနှင့် မော်လမြိုင်တွင် ရေသန့်စက်ရုံပေါင်း ၁၂ ရုံရှိနေကြောင်း ROCKET သောက်ရေသန့်စက်ရုံမှ တာဝန်ရှိသူက ပြောဆိုသည်။

“အကုန်လုံးပေါ့ သူတိုရဲ့ အဓိက အကြောင်းအရားကတော့ ကုန်ကြမ်းစျေးနှုန်းတွေ မြင့်တက်လာတာရယ်၊ အထွေထွေ ကုန်ကျစရိတ်တွေ များလာတာရယ်၊ အဲ့ဒါကြောင့်မို့ စျေးတက်သွားတာပါ”ဟု COOL SPRIND ရုံးမှ မမြနန္ဒာစိုးက ပြောသည်။

မော်လမြိုင်ရေသန့်စျေးနှုန်းသည် ၂၀၁၂ ခုနှစ်က ရေသန့်တစ်ဗူးလျှင် ၂၅၀ ကျပ်မှ ၃၀၀ ကျပ်ဝန်းကျင်သာရှိပြီး ယခုတွင် ၂၀ လီတာ ရေသန့်ဗူးအကြည် တစ်ဘူးလျှင် ၄၅၀ ကျပ်နှင့် ဗူးအနောက် တစ်ဘူးလျှင် ၄၀၀ ကျပ်ဖြင့် ရောင်ချနေကြောင်း မော်လမြိုင် ဒေသခံများထံမှ သိရသည်။

Leave a Reply