မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာတွင် အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးအားစွပ္ပနူးကျေးရွာနေဦးကျော်သူဝင်းသည် ဇွန်လ၅ ရက်နေ့၌ အလိုမတူဘဲ ခြိမ်းခြောက်ခေါ်ဆောင်၍ ပေါင်းသင်းနေထိုင်ခဲ့ကြောင်းသိမ်ဇရပ်နယ်မြေရဲစခန်းမှသိရသည်။

logo-copy

အဆိုပါ မိန်းကလေးကိုစွပ္ပနူးကျေးရွာနေဦးကျော်သူဝင်းဆိုကချစ်ကြိုက်ကြောင်းပြောဆိုသဖြင့် မချစ်နိုင်ကြောင်းပြန်ပြောစဉ် လက်ခံခြင်းမရှိဘဲအနီးရှိတောအုပ်အတွင်းမှ လူမနေသောကွမ်းခြံစောင့်တဲအတွင်းသို့ မလိုက်ကသတ်ပစ်မည်ဟုပြောဆိုပြီးအတင်းအဓမ္မခေါ်ဆောင်ခါ သားမယားအဖြစ် နှစ်ကြိမ် ပြုကျင့်ခဲ့ကြောင်းသိမ်ဇရပ်နယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့နောက်ဇွန်လ ၆ ရက်နေ့တွင် ကွမ်းရောင်းချရန် သွားစဉ် စွပ္ပနူးကျေးရွာမော်တော်ဆိပ်မှ တစ်ဆင့် ရွှေကျင်မြို့နယ်၊ စလူးချောင်းကျေးရွာရှိဦးကျော်သူဝင်းက ၎င်း၏ အဒေါ်တော်စပ်သူနေအိမ်သို့ အဆိုပါ မိန်းကလေးနှင့် တည်းခိုနေထိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ထို့သို့ တည်ခိုးနေထိုင်စဉ် ဇွန်လ ၆ ရက်နေ့မှ ၉ ရက်နေ့ထိခြိမ်းခြောက်၍ သားမယားအဖြစ်ပြုကျင့် နေထိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်သူဝင်းအားသိမ်ဇရပ်နယ်မြေရဲစခန်းမှ (ပ) ၇၇ / ၂၀၁၆၊ ပုဒ်မ – ၃၇၆ အရအရေးယူထာကြောင်းအဆိုပါ နယ်မြေရဲစခန်းမှ သိရသည်။

Leave a Reply