မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ် ဖားအောက်တိုက်နယ်တွင် မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်း(မော်လမြိုင်အသင်းခွဲ)ကအသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးအခမဲ့ထိုးပေးရာရပ်ကွက်အုပ်ချုပ်ရေးမှူး က ရွာသားများထံမှငွေကြေးများကောက်ခံနေကြောင်းဖားအောက်ကျေးရွာမှဒေသခံများကဆိုကြသည်။

logo-copy

အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးသုံးကြိမ်ထိုးပေးမှု အနက်နှစ်ကြိမ်ထိုးပေးသည့် အချိန်တွင်
ငွေကြေးကောက်ခံခဲ့ခြင်းဖြစ်ကြောင်းဖားအောက်ကျေးရွာနေကိုနန္ဒကျော်သူကပြောသည်။

“ဆေးလာထိုးပေးတဲ့လူတွေကမကောက်ခိုင်းဘဲ ရွာကလူကြီးတွေကသူတို့သဘောနဲ့ သူတို့ကောက်နေကြတာ”ဟုဖားအောက်ကျေးရွာနေကိုနန္ဒကျော်သူကပြောသည်။
ဖားအောက်ကျေးရွာလူကြီးများက ရွာ ၄ရွာမှ ဆေးလာထိုးသည့်လူတစ်ဦးလျှင် ငွေကျပ် (၂၅ဝဝ)မှ အနည်းဆုံးငွေ(၁ဝဝဝ)ကောက်ခံသဖြင့် အသည်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများကငွေမယူရန်တားမြစ်ခဲ့သော်လည်း ရွာလူကြီးများကဆက်လက်ကောက်ခံခဲ့ကြောင်း ၎င်းကဆိုသည်။

ဇူလိုင်လ ၃ရက်နေ့က ရွာသားများကိုဘီပိုးကာကွယ်ဆေး နှစ်ကြိမ်မြောက်ထိုးပေးနေစဉ် ရက်ကွက်အုပ်ချုပ်ရေးမှူး
က တာဝန်ပေးထားသည်ဟုဆိုကာရပ်မိရပ်ဖများကရွာသားများထံငွေကြေးကောက်ခံနေစဉ် အသည်းဖောင်
ဒေရှင်းတာဝန်ရှိသူတစ်ဦးကငွေးကြေးမကောက်ခံရန် တားမြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ထိုကဲ့သို့ ပရဟိတအဖွဲ့၏ အခမဲ့ဆေးကုသခြင်းအပေါ် ကျေးရွာလူကြီးများကအမြတ်ထုတ်ခဲ့ခြင်းကြောင့် ကျေးရွာနာမည်ပျက်ခဲ့ရသဖြင့် နောက်ထပ်လာမည့် ပရဟိတအဖွဲ့များအတွက် အဟန့်အတားဖြစ်စေနိုင် ကြောင်း ရွာခံများကဆိုကြသည်။

အသည်းဖောင်ဒေးရှင်းအဖွဲ့မှ လာရောက်သူ(၅ဝ)ကျော်ခန့်ကို ဧည့်ခံရန် ရန်ပုံငွေမရှိသဖြင့် အလှူငွေများကောက်ခံရခြင်းကြောင်းဖားအောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်နောင်လင်းကပြောသည်။

“ ရွာမှာရန်ပုံငွေမရှိတဲ့အတွက် တာဝန်ကျတဲ့လူတွေကသူတို့အစီအစဉ်နဲ့လုပ်သွားကြတာ၊အဓိကကတော့ အကျွေးအမွေးအတွက်ပါ၊စေတနာရှိသလောက်ထည့်ခိုင်းတာပါ”ဟုဦးရန်နောင်လင်းကဆိုသည်။

အသည်းဖောင်းဒေးရှင်း(မော်လမြိုင်အသင်းခွဲ)က ဖားအောက်တိုက်နယ်အတွင်းဇွန်လနောက်ဆုံးပတ်နှင့်
ဇူလိုင်လ ၁ရက်နေ့တို့တွင် ဘီပိုးကာကွယ်ဆေးများအခမဲ့ထိုးပေးခဲ့သည်။

Leave a Reply