တိုကျို မေ ၂၁

အာဖဂန်နစ္စတန်တွင် လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပွဲများ ချုပ်ငြိမ်းစေရန်နှင့် ငြိမ်းချမ်းရေးတည်ဆောက် နိုင်ရန် ဂျပန်နိုင်ငံက ကူညီမည်ဖြစ်ကြောင်း မေလ ၂၀ရက်နေ့က ပြောကြားသည်။

ထိုသို့ကူညီရန် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တာရိုကိုနိုက အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဆာလာ ဟူဒင်ရာဘာနီနှင့် တွေ့ဆုံစဉ်ပြောခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ဂျပန်နှင့် အဖဂန်နစ္စတန်တို့ကြား သံတမန်အရေးပူးပေါင်းမှုများလည်းရှိလာမည်ဖြစ်ကြောင်း ဝန်ကြီး တာရိုကိုနိုကပြောသည်။

တာရိုကိုနိုသည် လက်ရှိတွင် ဂျပန် နိုင်ငံနှင့် ဗဟိုအာရှနိုင်ငံ ငါးနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်ရန် တာဂျီ ကစ္စတန်သို့ ရောက်ရှိနေသည်။

အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဆာလာဟူဒင်ရာဘာနီ ကိုလည်း အဆိုပါနိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေးသို့ တက်ရောက် ရန် ဖိတ်ခေါ်ထားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်း ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အကူအညီပေးရန် ဂျပန်နိုင်ငံ အနေဖြင့် နိုင်ငံတကာအသိုက်အဝန်း နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အာဖဂန်နစ္စတန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာလာ ဟူဒင်ရာဘာနီနှင့် တစ်ဦးချင်း သီးသန့်အစည်းအဝေးတွင် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ပြောကြားခဲ့သည်။

တာလီဘန်နှင့် အိုင်အက်စ် စစ်သွေးကြွအုပ်စုအပါအဝင် အစိုးရ ဆန့်ကျင်သော အဖွဲ့များက လုပ်ဆောင် လျက်ရှိသော အကြမ်းဖက်တိုက်ခိုက် မှုများကြောင့် ဆိုးရွားလျက်ရှိသော လုံခြုံရေးကို ပြန်လည်တည်ဆောက် ရန်နှင့် နှစ်ကြိမ်တိုင်တိုင် ရပ်ဆိုင်း ထားခဲ့သော သမ္မတရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပရန်လည်း ဂျပန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက အာဖဂန်အစိုးရအား တောင်းဆိုထား ခဲ့သည်။

အာဖဂန်နစ္စတန် အစိုးရအနေဖြင့် လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော် ဆောင်ရွက် ရန်နှင့် သမ္မတရွေးကောက်ပွဲတစ်ရပ် ကျင်းပခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အာဖဂန်နစ္စတန် နိုင်ငံ ခြားရေးဝန်ကြီး ရာဘာနီက ပြောကြားခဲ့သည်။

Ref: NHK

Leave a Reply