Advertisements

ဒီတစ်ပတ် အစာလည်းဆေး၊ ဆေးလည်းအစာကဏ္ဍမှာ ဟင်္သာစာဖတ် ပရိသတ်တွေအတွက် အထူူးတင်ဆက်ပေးမှာ
ကတော့ အားလုံးလည်းသိ၊ အားလုံးလည်း စားဖူးကြတဲ့ မီးဖိုချောင်သုံးအစားအစာ အာလူး အကြောင်းပဲဖြစ်ပါတယ်။
အာလူးဟာ အဟာရတန်ဖိုးမြင့်တဲ့ သီးနှံဖြစ်တဲ့အတွက် အနောက်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအများစုက အဓိက ဟင်းလျာအဖြစ် စားသုံးကြပါတယ်။

အာလူးကို ရုက္ခဗေဒလို ဆိုလေနမ်တျူဗာရိုဆမ်လို့ ခေါ်ပြီး၊ သူက ဆိုလာနေစီအီးမျိုးရင်းမှာ ပါဝင်ပါတယ်။ စိုက်ပျိုး
ဧရိယာအနေဖြင့် ပဉ္စမအဆင့်တွင်ရှိပြီး၊ ထုတ်လုပ်မှုတန်ဖိုးအရ စတုတ္ထအဆင့်တွင် ရှိပါတယ်။ မြန်မာနိုင်ငံမှာ စစ်မဖြစ်ခင်ကတည်းက အာလူးစိုက်ပျိုးမှုရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံမှတစ်ဆင့် ဝင်ရောက်လာတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်မှာ အာလူးအများဆုံးစိုက်ပျိုးပြီး အာလူးစိုက်ဧက အားလုံးရဲ့ ၄ ပုံ ၃ ပုံလောက်
စိုက်ပျိုးပါတယ်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာလည်း အာလူးကို စိုက်ပျိုးကြပါတယ်။ အာလူးကို ရေသွင်းစိုက်ပျိုးခြင်းနဲ့ ကုန်းစိုက်ပျိုးခြင်းဆိုပြီး နှစ်မျိုးရှိကာ သူရဲ့သက်တမ်းဟာ ၃ လခွဲမှ ၄ လအတွင်းရှိပါတယ်။

ဇူလိုင်၊ သြဂုတ်လတို့မှာ စတင်စိုက်ပျိုးကြပြီး၊ ဧပြီနဲ့မေလတို့မှာ တူူးဖော်ကြပါတယ်။ အာလူးဟာ လူတွေအတွက် အာဟာရဓာတ်များစွာကို ဖြစ်ထွန်းစေတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း များစွာရရှိပါတယ်။ အာလူးမှာ ရေအလေးချိန် လေးပုံသုံးပုံခန့်ပါပြီး ကျန်တစ်ပုံမှာက စီဓာတ်ဖြစ်ပါတယ်။

ပရိုတင်းနဲ့ အဆီဓာတ်အနည်းငယ်လည်း ပါပါတယ်။ အာလူးဟာအသီးသာမက အခွံမှလည်း အကျိုးကျေးဇူးများစွာရရှိပါတယ်။

သူ့အခွံမှာ ဖိုင်ဘာ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ဖော့စ် ဖရပ်စ်နှင့် ဗီတာမင်စီတို့ ပါဝင်ပါတယ်၊ ဒီလိုပါဝင်တဲ့အတွက် အအေးမိခြင်းကို အကာအကွယ်ပေးပါတယ်၊ ဒါကြောင့်မို့ အာလူးကိုစားမယ်ဆိုရင် အခွံမနွာဘဲစားသင့်ပါတယ်၊ (ရေစင်စင်ဆေးဖို့
တော့လိုအပ်တာပေါ့နော်) ခန္တာကိုယ် စိုပြေဝဖြိုးစေချင်ရင်တော့ အာလူးများများ စားပေးသင့်ပါတယ်၊ အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင်တွေပါတဲ့အတွက် အဟာရဖြစ်စေလို့ ကိုယ်အလေးချိန်တိုးအောင်လည်း အထောက်အကူပေးပါတယ်။
အခြားကိုယ်အလေးချိန် တိုးစေတဲ့အရာထက် အာလူးဟာ ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ပိုတက်စီယမ်ဓာတ်
ပါတဲ့အတွက်လည်း သွေးတိုး၊ ဆီးချို၊ အကြောအားနည်း၊ ကြွက်သားအားနည်းခြင်းတို့ကို သက်သာစေပါတယ်။ အရိုးများကိုသန်မာစေပါတယ်၊ သွေးတိုးကိုကျစေပါတယ်၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေမယ့်အပြင် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ပြီးတော့ ဝမ်းကိုလည်း မှန်စေပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း လှပစေပါတယ်။ အစာကြေလွယ်စေပြီး ဆီးရွှင်စေပါတယ်၊ တက်ခြင်းနဲ့ဆိုင်တဲ့ ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်တဲ့ အစွမ်းအာနိသင်တွေပါရှိပါတယ်။

အာလူးမှာ သွေးနီဥများစွာ ထုတ်လုပ်ပေးနိုင်တဲ့ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်တို့လည်း ပါဝင်တာကြောင့် သွေးအား
ကောင်းစေပါတယ်။ ပြီးတော့ အာလူးကို အခွံမနွှာဘဲ ပါးပါးလှီးကာ ပေါင်းခံရည်ထဲမှာစိမ်ပြီး နံနက်တိုင်း အစာမစားမီ
သောက်ပေးရင် ရောင်ရမ်းမှုကို သက်သာစေပါတယ်။ အာလူးအစိမ်းကိုပါးပါးလှီးကာ အရေပြားပေါ်မှာကပ်ပေးရင်လည်း အရေပြားနဲ့သက်ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အနီကွက်အဖုအပိမ့်များထခြင်း၊ အရေပြားနီမြန်းခြင်း၊ ယားယံခြင်းနဲ့ အသားရေခြောက်သွေ့ခြင်းတို့မှ ကင်းဝေးစေမှာဖြစ်ပါတယ်။

အာလူးကို ပြုတ်စားပေးခဲ့မယ်ဆိုရင် ဝမ်းချုပ်ခြင်းမရှိစေနိုင်တဲ့အပြင် လိပ်ခေါင်းရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေး
နိုင်ပါတယ်။ အာလူးဖျော်ရည်ကို သောက်ပေးခဲ့ရင်လည်း အစာအိမ်ရောင်နာ၊ အူမရောင်နာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့ကို သက်သာစေတဲ့အပြင် အရိုးအဆစ် ရောင်ရမ်းနာ၊ ဂေါက်ရောဂါနဲ့ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

ဒါ့ကြောင့်မို့ အဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး၊ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိတဲ့ အာလူးကိုအသက်
ကြီးငယ်မရွေး စားသုံးသင့်ပါကြောင်း ဟင်္သာဂျာနယ်မှ တစ်ဆင့်ဖော်ပြပေးလိုက်ရပါတယ်။

Written by ဖိုးဝဇီ

Advertisements
<

Leave a Reply