(ဓါတ်ပုံ အညွှန်း – အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) မှ ရရှိခဲ့သည့် ဆုတံဆိပ်များ)

၂၀၁၅-၂၀၁၆ ပညာသင်နှစ် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) မှ ဝင်ရောက်ယှဉ်သည့် အားကစားပြိုင်ပွဲများတွင် အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) ရှိ အားကစားသမားများ ဆုတံဆိပ်ပေါင်း ၅၂ ခု ရရှိခဲ့ကြောင်း အဆိုပါကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အားကစားသမား ၂၃၀ ဦးဖြင့် အားကစားနည်း ဆယ်မျိုးကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၃၀ ခု အပါအဝင် အားကစားဝန်ကြီးဌာနမှ ချီးမြှင့်သော အားကစားထူးချွန်ဆု နှစ်ခုကို မယမုံဝိုင်း (ပြေးခုံပစ်၊ လမ်းလျှောက်) နှင့် မောင်ရဲထက်နိုင် (ပိုက်ကျော်ခြင်း) တို့ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

(ဓါတ်ပုံ အညွှန်း – အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) မှ ရရှိခဲ့သည့် ဆုတံဆိပ်များ)
(ဓါတ်ပုံ အညွှန်း – အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) မှ ရရှိခဲ့သည့် ဆုတံဆိပ်များ)

“ကျွန်တော် အခုလိုကြေးတံဆိပ်ဆုရရုံနဲ့ မကျေနပ်နိုင်သေးဘူး၊ နောက်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုရအောင် ကြိုးစားပြီးတော့ ဒီကနေ့မှ နိုင်ငံ့လက်ရွေးစင် ဖြစ်တဲ့အထိ ကြိုးစားသွားပါမယ်”ဟု မောင်ရဲထက်နိုင်က ပြောသည်။

အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) အောင်ပွဲရ အားကစားသမားများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲကို ဇန်နဝါရီ ၂၀ ရက်က အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) ၏ စားရိပ်သာ၌ ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာတိုးတိုးအောင်၊ မွန်ပြည်နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တို့က တက်ရောက်ခဲ့ကြောင်း အဆိုပါကျောင်း တာဝန်ရှိသူများထံမှ သိရသည်။

Leave a Reply