Advertisements

မွန်ဘိုင်းတွင် ဘဏ်ဓားပြများသည် လေးလကြာတူးထားသည့် ၂၅ ပေရှည်သော တူးမြောင်းကြီးကိုတူးကာ အစိုးရပိုင်ဘဏ်ကို ဖောက်ထွင်းခိုးယူခဲ့ကြကြောင်းသိရသည်။

ငွေသားနှင့် ကျောက်မျက်ရတနာများခိုးယူခံခဲ့ရပြီး တန်ဖိုးမည်မျိုးခိုးယူခံခဲ့ရသည်ကိုမူ ယခုအချိန်တွင် မတွက်ချက်ရသေးကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အဆိုပါ အုပ်စုသည် ဘာရိုဒါဘဏ်၏ ဘေးမှ နေရာကို ငှားရမ်းကာ တူးဖော်ခဲ့ကြသည်ဟု အာဏာပိုင်များက ယူဆနေသည်။ သူတို့၏ လုပ်ရပ်များကို မသိရှိစေနိုင်ရန်အတွက် ထိုငှားရမ်းထားသည် ကုန်စုံဆိုင်တစ်ခု ဖွင့်လှစ်ထားခဲ့ကြသည်ဟုဆိုသည်။

ဘဏ်ဖောက်ထွင်းမှုမှာ ပြီးခဲ့သည့်အပတ် စနေနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ လက်သည်မမိသေးကြောင်း သိရသည်။

မည်သူမျှသံသယမဖြစ်စေဘဲ ထိုလှိုဏ်ခေါင်းကို မည်ကဲ့သို့ တူးခဲ့ကြသည်ဆိုမှာတော့ ရှင်းရှင်းလင်းလင်း မသိရပေ။

‘ကျွန်တော့်တစ်ဘဝလုံး စုဆောင်းထားတာလေးတွေတော့ သွားပါပြီ။ မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာတွေလည်း ပါသွားတယ်’ ဟု ဘဏ်တွင် အပ်ထားသည့် ပစ္စည်းများ ခိုးယူခံရသူက ပြောသည်။

မွန်ဘိုင်းဆင်ခြေဖုံးတွင် နေထိုင်သော ဘဏ်ဝန်ထမ်းများသည် တနင်္လာနေ့တွင် ဘဏ်ဖောက်ထွင်းမှုကို သိရှိခဲ့ရပြိး ရဲကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ဘဏ်တွင် သိမ်းထားသည် အာမခံသေတ္တာ ၂၂၅ လုံးနက်အနက် အလုံး၃၀ ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ယခုအချိန်အထိ သံသယရှိသူမည်သူမည်ဝါဆိုသည်ကိုလည်း မထုတ်ပြန်နိုင်သေးပေ။

Source: BBC

Advertisements
<

Leave a Reply