Advertisements

နယူးဒေလီ ဖေဖော်ဝါရီ ၉

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ် နှင့် Uttarakhand ပြည်နယ်တို့တွင် လတ်တလောရက်ပိုင်း အတွင်း အရက်တု အဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၅ ဦး သေဆုံး ခဲ့သည်။

အရက်တု အဆိပ်သင့်မှု နှင့် ပတ်သက်၍ Uttarakhand ပြည်နယ် အစိုးရ အဖွဲ့ဝင် ၁၃ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ရာထူး မှ ရပ်ဆိုင်းခံခဲ့ရကြောင်း အိန္ဒိယသတင်း မီဒီယာ ၏ ဖော်ပြချက်အရ သိရသည်။

Advertisements
data-language="en"

Uttarakhand ပြည်နယ် အုပ်ချုပ်ရေးမှူးက သေဆုံးသူ မိသားစု များထံ တစ်ဦးလျှင် ရူပီး နှစ်သိန်း ပေးအပ်ခဲ့ပြီး အရက်တု ရောင်းချသူများအား ပြင်းထန်စွာ အရေးယူသွားရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယကျေးလက်ဒေသများတွင် မကြာခဏ လူအများ အစုလိုက် အရက်တု အဆိပ်သင့်မှု ဖြစ်ပွား လေ့ရှိသည်။

ယင်းအရက်တုများမှာ စက်ရုံသုံး အရက်ပြန်များ ရောနှောထားသဖြင့် သေဆုံးသည်အထိ အဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။

အရက်တု ရောင်းချမှုကို တားဆီးရန် အိန္ဒိယနိုင်ငံ အစိုးရ အနေဖြင့် အမိန့်ကြေညာချက်များ မကြာခဏ ထုတ်ပြန်လေ့ရှိသော်လည်း ထိန်းချုပ်မှု အားနည်းသောကြောင့် အလားတူ ကိစ္စရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။

Bangkok post

Leave a Reply