Advertisements

နယူးဒေလီ ၊ စက်တင်ဘာ ၂၀

အီးစီးကရက်များသည် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေသည်ဟု အိန္ဒိယဝန်ကြီးအဖွဲ့ကမှ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ရောင်းချခြင်းတို့ ကို တားမြစ်ကြောင်း ကြေညာခဲ့သည်။

လူငယ်များအားထိခိုက်မှုရှိသည်ဟူဆိုကာ အီးစီကရက်များကို တားမြစ်သည့် ညွန်ကြားချက် တရပ်ကို အတည်ပြုခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး နာမယ်လာ စီသာရာမန် ကဆိုသည်။

ထိုအမိန့်သည် အီးစီးကရက် အသုံးပြုမှုကို တားမြစ်တာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရပေ။

အိန္ဒိယတွင် ဆေးလိပ်သုံးစွဲသောအရွယ်ရောက်ပြီး လူငယ်များ သန်း၁၀၀ကျော် ရှိပြီး အီးစီးကရက်ကုမ္ပဏီများအတွက် အလားလာကောင်းသော ဈေးကွက်ကြီးတစ်ခုဖြစ်သည်။

အီးစီးကရက်များကို ပုံမှန်အားဖြင့်နီကိုတင်း၊ ရေ၊ ဓာတုအရည်နှင့်ရောနှောဓာတ်များပါဝင်ပြီး ဆေးလိပ်ဖြတ်ရန် အထောက်အကူပြုသည့် ရွေးချယ်စရာအဖြစ်ရှုမြင်ပေမယ့် ကျန်းမာရေးအတွက်မည်သို့သက်ရောက်မည်ကို အပြည့်အဝမသိရပေ။

အဆိုပါတားမြစ်ချက်တွင် ပြစ်မှုကျူးလွန်သူသည် ထောင်ဒဏ်သုံးနှစ်ကျခံရမည်ဖြစ်သည်။ သို့သော် ရိုးရာဆေးရွက်ကြီးထုတ်ကုန်များကို တားမြစ်ခြင်းမရှိကြောင်းသိရသည်။

“ ဒါက အီးစီးကရက်များ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့်တင်ပို့ရောင်းချခြင်း၊ ဖြန့်ဖြူးနှင့် အီးစီးကရက်မှဆက်စပ်ကြော်ငြာခြင်းများကို ပိတ်ပင်ထားကြသည်ကိုဆိုလိုသည်ဟု” မစ္စ စီသာရာမန် သတင်းစာရှင်းလင်းပွဲ၌ပြေားကြာသည်။

သူမက အမေရိကန်နှင့်အိန္ဒိယထံမှအထောက်အထားများအရ အချို့လူငယ်များသည် အီးစီးကရက်များကို စတိုင်လ်ထုက်ရန်အတွက် အသုံးပြုသော ပစ္စည်းအဖြစ် ယူဆသည်။

တရုတ်ပြီးလျှင် အိန္ဒိယသည် ကမ္ဘာတွင် ဆေးရွက်ကြီး ထုတ်ကုန်သုံးစွဲမှု ဒုတိယမြောက် အများဆုံးဖြစ်ပြီး ဆေးရွက်ကြီး နှင့်ဆက်စပ်သော ရောဂါများကြောင့် တစ်နှစ်လျှင် လူ ၉၀၀,၀၀၀ နှစ်စဉ်သေဆုံးနေသည်။

အီးစီးကရက်ကို ထောက်ခံသူများက အီးစီးကရက် များသည် ဆေးလိပ်ဖြတ်ရန် အထောက်အကူပြုပြီး ၎င်းပစ္စည်း များကို တားမြစ်ပါက ဆေးလိပ် ပြန်သောက်လာနိုင်သည်ဟု ပြောဆိုသည်

သိုသော်အိန္ဒိယနိုင်ငံရဲ့ကျန်းမားရေးဝန်ကြီးဌာနက ဒီတားမြစ်ချက် အီးစီးကရက်က လူငယ်တွေအကြား ပြန့်ပွားမှုတွေ ဖြစ်မလာစေရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Ref :BBC

Advertisements
<

Leave a Reply