Advertisements

အိန္ဒိယနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP သည် ၂၀၁၅ ခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်း ရှိနေရာမှ ၂၀၁၇ ခုနှစ်တွင် ၇ ရာခိုင်နှုန်းသာရှိရာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု လျော့နည်းလာခြင်းသည် အိန္ဒိယနိုင်ငံ၏ တိုးတက်မှုအလားအလာအပေါ် ဖိအား သက်ရောက်စေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းသတိပေးထားသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က လည်း အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး ယမန်နှစ်ထက် ဝဒသမ ၅ ရာခိုင်နှုန်း လျော့နည်းလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မှာ ငွေစက္ကူများ ပြန်သိမ်းလိုက်ခြင်းနှင့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှု အခွန်(GST) ကောက်ခံခြင်း စတင် လိုက်ပြီးနောက် ယခုကဲ့သို့ထိ ခိုက်သွားခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

Advertisements
data-language="en"

အကျိုးဆက်အနေဖြင့် ၂၀၁၅ ခုနှစ်က ၈ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့သော တိုးတက်မှုနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၇ရာခိုင်နှုန်းသို့ လျော့ကျလာခဲ့ ခြင်းဖြစ်သည်။

ခိုင်မာသော မူဝါဒများချ မှတ်ခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ် နှံမှုများဖြင့် လူထုသုံးစွဲနိုင်မှုကိုထိန်းညှိခြင်းတို့ဖြင့် ဖွံ့ဖြိုးတိုး တက်မှုနှုန်းကို၂၀၁၈ ခုနှစ်တွင် ၇ဒသမ ၃ရာခိုင်နှုန်းသို့ ရောက် အောင် လုပ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုသည် ဆင်းရဲမွဲ တေမှု လျှော့ချရေးအတွက် အထောက်အကူဖြစ်သော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အတွက် အခြားသော ဦးစားပေးလုပ်ငန်းများဖြင့် လုပ်ဆောင်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကျခြင်းသည် တောင်အာရှနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းအပေါ် သက်ရောက်မှုရှိကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

တောင်အာရှနိုင်ငံများသည် အရှေ့အာရှနိုင်ငံများနှင့် ပစိဖိတ်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းထက် လျော့ကျနေသည်။

Source: PTI

Leave a Reply