နယူးဒေလီ မေ ၃၀

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ဒုတိယအကြိမ်မြောက် သက်တမ်း တာဝန်ထမ်းဆောင်ရန် မေလ ၃၀ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

မိုဒီသည် ကျမ်းကြိမ်အပြီးတွင် နယူးဒေလီမြို့သို့ သံတမန်အရေးအရရောက်ရှိနေသည့် နိုင်ငံ့အကြီးအကဲအချို့နှင့် တွေ့ဆုံကာ နိုင်ငံရေးကိစ္စများဆွေးနွေးမည်ဖြစ်သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် မိုဒီဦးဆောင်သည့် ပါတီက အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ် ဒုတိယသက်တမ်းကို ဆက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်မိုဒီသည် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ကာဂျစ္စတန်နိုင်ငံသမ္မတ ဆော်ရွန်ဘေးဂျန်ဘီကို့ဗ်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

မေလ ၃၁ ရက်တွင်ဝန်ကြီးချုပ်မိုဒီသည် မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်၊ ဘင်္ဂလားဒေ့ရှ်သမ္မတအဗ္ဗဒူလ်ဟာမစ်၊ သီရိလင်္ကာသမ္မတမိုင်သရီပါလဆီရီစီနာ၊ မောရစ်ရှကျွန်းနိုင်ငံဝန်ကြီးချုပ်ပရာဗင့်ကူးမားဂျက်နော့၊ နီပေါဝန်ကြီးချုပ်ရှာမာအိုလီနှင့် ဘူတန်ဝန်ကြီးချုပ်လိုတေးရှားရင်းတို့နှင့်တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

ဝန်ကြီးချုပ်မိုဒီ၏ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားပြီးနောက်အိန္ဒိယသမ္မတရမ်နက်သ်ကိုဗင့်ဒ်ကအလည်အပတ်ရောက်ရှိလျက်ရှိသောနိုင်ငံ့အကြီးအကဲများအားဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

ဝန်ကြီးချုပ်မိုဒီလက်ထက်တွင် နိုင်ငံရေးအတော်အသင့်တည်ငြိမ်ခဲ့ပြီး နိုင်ငံတကာနှင့်ပေါင်းသင်းဆက်ဆံရေး တွင်လည်း အတော်အသင့် ဝင်ဆန့်လာသဖြင့် ဒုတိယသက်တမ်းတွင် ပိုမိုကောင်းမွန်လာမည်ဟု ပညာရှင်များက သုံးသပ်သည်။

အထူးသဖြင့် တရုတ်အမေရိကန် ကုန်သွယ်ရေး တင်းမာမှုကြောင့် Apple စက်ရုံများကို အိန္ဒိယနိုင်ငံသို့ ပြောင်းရွေ့ထုတ်လုပ်ရန် စီစဉ်နေမှုများရှိပြီး ရှိရင်းစွဲ နည်းပညာနှင့် လုပ်သားအင်အားပါ ပေါင်းစပ်ပါက အာရှတိုက်တွင် နည်းပညာနှင့် စီးပွားရေး အဖြစ်ထွန်းဆုံးနိုင်ငံ ဖြစ်လာဖွယ်ရှိနေကြောင်း သုံးသပ်သူတို့က ညွှန်းဆိုသည်။

Ref: Bangkok Post

Leave a Reply