Advertisements

ချောင်းဆုံ သြဂုတ်

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ မတ်ပဲ ၊ ပဲတီစိမ်း ၊ ပဲဇင်းငုံကိုဇွန်လဆန်​းမှ အောက်တိုဘာလကုန်ထိတင်သွင်းခွင့်ပြုထားကြောင်း၊ ပြည်တွင်းစျေးကွက်တွင် ပဲများ အရောင်းအဝယ်ဖြစ်နေသော်လည်း မတ်ပဲစျေးနှုန်းမှာ ထင်သလောက် ခရီးမပေါက်ဖြစ်နေကြောင်း မွန်ပြည်နယ် ပဲနှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ပြောသည်။

“မတ်ပဲတန်ချိန် ၁ သိန်းခွဲ ၊ ပဲတီစိမ်းတန်ချိန် ၁ သိန်း ခွဲ ၊ ပဲဇင်းငုံတန်ချိန် ၄ သိန်း တင်သွင်းခွင့်ပြုထားတယ်။ စျေးကွက်မှာလည်း အရောင်းအဝယ်ဖြစ်နေတယ်ဆိုပေမဲ့သူတို့ကစျေးဖွင့်မပေးဘူး။ ဒီကကုန်သည်တွေက လည်းသူတို့ပေးတဲ့စျေးနဲ့ ရောင်းနေကြတယ်။ စျေးကွက်မှာလုပ်စားတဲ့ခွင်တွေရှိနေတယ်လို့မြင်တယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

အိန္ဒိယတွင် ပဲရှားပါးနေပြီး ပဲလိုအပ်ချက်များရှိနေကြောင်း ၊ အိန္ဒိယပဲစိုက်ခင်းများမှာလည်း ရာသီဥတုကြောင့် အပျက်အစီးများရှိကာ ယင်​းတို့ ပဲစျေးကွက်တွင် ​စျေးနှုန်းများမြင့်တက်နေသော်လည်းပြည်တွင်းစျေးကွက်နှင့် နှိုင်းယှဉ်လျှင် နှုန်းထားကွာဟမှုရှိနေကြောင်း ဦးကျော်ခိုင်မြင့်က ပြောသည်။

“ဒေသကလယ်သမားတွေလက်ထဲမှာရောင်းဖို့ပဲလက်ကျန်သိပ်မရှိတော့ဘူး။ ငွေကြေးပြေလည်တဲ့လယ်သမား တချို့နဲ့ ကုန်သည်တွေလက်ထဲမှာပဲ ရှိတော့တယ်။ အရင်နှစ်နဲ့စာရင်ဒေသမှာသိုလှောင်ထားနိုင်သူအလွန်နည်း နေတယ်´´ဟု ကော့မုပွန်ကျေးရွာ​နေ ပဲရောင်းဝယ်သူ ဦးတင်ထူးအောင်က ဆိုသည်။

ယခုရက်များအတွင်းမော်လမြိုင်စျေးကွက်တွင်မတ်ပဲတစ်ပိသာ ကျပ်​ ၁၂၄၀ ​စျေးနှုန်းရှိပြီး ယခင်နှစ်က စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်းကကျပ် ၁၅၀၀ ကျော်ထိဖြစ်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

“အရင်နှစ်ကထက်ပြည်တွင်းမှာပဲလက်ကျန်နည်းနေတယ်လို့သိရတယ် ။ ပဲစျေးကွက်အခြေအနေကဘယ်လိုဖြစ် လာမလည်းအတိအကျပြောလို့မရဘူး ၊ ကျိုက္မရောကစပါးခင်းတွေပျက်စီးသွားတဲ့လယ်သမားတွေအနေနဲ့ စပါးပြန်လည်စိုက်ပျိုးဖို့မဖြစ်နိုင်တော့ဘူး။ ဆောင်းသီးနှံပဲမျိုးစုံကိုအားကိုးစိုက်ပျိုးရမှာဖြစ်တဲ့အတွက် ဘယ်ပဲက စျေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်။ စျေးကောင်းရနိုင်တယ်ဆိုတာကိုအသေအချာလေ့လာပြီးမှစိုက်ပျိုးသင့် တယ်´´ဟုမွန်ပြည်နယ်ပဲနှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မျိုးဦးက အကြံပြုသည်။

နှမ်း ၊ မြေပဲ ၊ ပဲတီရွှေဝါနှင့် အစေ့ထုတ်ပြောင်းတို့မှာ စျေးကွက်ကောင်းပြီး စျေးနှုန်းခိုင်မာနေကြောင်း၊ ဒေသနှင့်ကိုက်ညီသောမျိုးစေ့များကိုစိုက်ပျိုးရန်လိုကြောင်း ယင်​းအသင်းအတွင်း ရေးမှူး ဦးကျော်ခိုင်မြင့်က ​ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply