အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်

မြန်မာနိုင်ငံသို့ ၅ ရက်တာ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိလာသည့် အိန္ဒိယသမ္မတ ရှရီရမ်နက်ကိုဗင်သည် နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံ သမ္မတ နှစ်ဦးတို့ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို အိမ်တော်၌ပင် ရေးထိုးနိုင်ခဲ့ကြောင်း ၊ MoU ရေးထိုးစဉ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့လည်း ပါဝင်ခဲ့ကြကြောင်း သိရသည်။

MoUတွင်မည်သည့်အကြောင်းအရာများ ပါဝင်နေကြောင်း မသိရှိရသေးသော်လည်း အိန္ဒိယသမ္မတခရီးစဉ်အတွင်း ဥပဒေပိုင်းဆိုင်ရာအကူအညီပေးရေး အပါအဝင် နှစ်နိုင်ငံ အကြားပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီချက်အချို့ကိုလက်မှတ်ရေးထိုးသွားဖို့ရှိနေကြောင်း ယခုခရီးစဉ်မတိုင်မီကတည်းက နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် ပြောကြားထားသည်။

Reference ; bbc.burmese

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.