အိပ်မပျော်ခြင်း၏ နောက်ဝယ် …

မြို့ပြ၏လူနေမှုဘဝများတွင် စိတ်ဖိစီးမှုသည် အဓိကကျသော ထိုးနှက်မှုဖြစ်လာသည်။ ရုန်းကန်လှုပ်ရှားမှုနှင့်အတူ ပင်ပန်းနွမ်းနယ်မှုများသည် စိတ်ဖိစီးမှုကိုတိုးပွားသထက်တိုးပွားလာသည်။ ထို့သို့စိတ်ဖိစီးမှုများလာလျှင် အိပ်မပျော်သော ရောဂါစွဲကပ်တတ်သည်။

ဆေးရုံ၊ဆေးခန်းများတွင် ယခုလက်ရှိခေတ်စားနေသော ရောဂါလက္ခဏာသည် အိပ်မပျော်သော ရောဂါဖြစ်သည်။ တိုင်းမ် မဂ္ဂဇင်း၏ဆယ်စုနှစ်အတွင်း လူအများခံစားနေနသော ရောဂါလက္ခဏာများတွင် အိပ်မပျော်ခြင်းသည် တတိယမြောက်ခံစားရမှုအများဆုံးဖြစ်သည်။ အိပ်မပျော်ခြင်းသည် စိတ်ကျရောဂါနှင့်အခြားသောစိတ်ရောဂါများနှင့်လည်းသက်ဆိုင်မှုရှိကြောင်း ဆေးပညာရှင်များက အဆိုပြုကြသည်။

ထို့ပြင် အိပ်မပျော်သောရောဂါသည်အခြားသောရောဂါလက္ခဏာများနှင့်လည်းသက်ဆိုင်သည်။ နှလုံးရောဂါ၊ အသည်းရောဂါ အခြားသောစိတ်ပိုင်းဆိုင်ရာဖိစီးမှုများ၊ ကော်ဖီနှင့်ကဖိန်းဓာတ်ပါသောဆေးများကြောင့်လည်းအိပ်မပျော်သောရောဂါဖြစ်ပွားတတ်သည်။ အိပ်စက်ခြင်းသည်ဇီဝကမ္မဖြစ်စဉ်တွင်အရေးပါသောဖြစ်စဉ်ဖြစ်သောကြောင့် အိပ်မပျော်သောသူများတွင် ဇီဝကမ္မဖြစ်စဉ်လွှဲမှားမှုများဖြစ်ပေါ်တတ်သည်။ အစားအသောက်ပျက်ခြင်း၊ ပိန်လှီလာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲပြဿနာများပေါ်ပေါက်လာတတ်သည်။

အိပ်မပျော်ခြင်းရောဂါဖြစ်ပွားစေနိုင်သောအချက်များမှာ
၁။ အသက်ခြောက်ဆယ်ကျော်သောအရွယ်များ
၂။ စိတ်ကျရောဂါနှင့်အခြားသောစိတ်ပိုင်းဆိုင်ရာရောဂါဖြစ်ဖူးသူများ
၃။ စိတ်ဖိစီးမှုများ
၄။ ညဘက်အလုပ်လုပ်နေသူများနှင့်
၅။ မတူညီသောအချိန်ဇုန်များကိုမကြာခဏခရီးသွားနေသူများသည် အိပ်မပျော်ခြင်းရောဂါကိုခံစားရစေတတ်သည်။
အိပ်မပျော်ခြင်းတွင် အချိန်ကာလအပိုင်းအခြားပေါ်မူတည်၍ (၃)မျိုးခွဲခြားနိုင်သည်။

၁။ ရုတ်တရက် အိပ်မပျော်သောရောဂါ(Transient Insomia)-အချိန်တစ်ပတ်ထက်ခန့်နည်း၍အိပ်မပျော်သော ရောဂါခံစားနေရသူကိုခေါ်သည်။ အိပ်ချိန်ပြောင်းလဲခြင်း၊ စိတ်ပိုင်းဆိုင်ရာပူပန်သောကနှင့်စိတ်ဖိစီးမှုများ၊ စိတ်ကျရောဂါများကြောင့်ဖြစ်တတ်သည်။ ထို့သူများသည် အချိန်အနည်းငယ်ကြာလျှင် စိတ်ဖိစီးမှုများပျောက်ကင်းလျှင် အိပ်မပျော်သောရောဂါပျောက်ကင်းသွားတတ်သည်။

၂။ ခဏတာအိပ်မပျော်ခြင်း(Acute insomia)- အိပ်မပျော်ခြင်းရောဂါ တစ်လနီးပါးခန့်ခံစားနေရသောသူကိုခေါ်ဆိုသည်။ အိပ်ရာရန်ခက်ခဲနေခြင်းနှင့် ဘဝကိုမကျေနပ်ချက်များနေသောသူများသည် ထိုအခြေအနေကိုဖြစ်စေသည်။

၃။ အချိန်ကြာအိပ်မပျော်ခြင်း(Chronic Insomia)- အိပ်မပျော်သောရောဂါ တစ်လထက်မနည်းခံစားနေရသော သူများကိုခေါ်ဆိုသည်။ ထိုသူများသည် အိပ်ယာဝင်ရန်ပင်ကြောက်နေတတ်သည်။ ကြာလာလျှင် စိတ်ကျရောဂါ၊အခြားသောစိတ်ပိုင်းဆိုင်ရာရောဂါများနှင့်ရုပ်ပိုင်းဆိုင်ရာရောဂါများဖြစ်ပွားတတ်သည်။

အိပ်စက်ခြင်းသည် စက်ဝိုင်းကဲ့သို့လည်ပတ်နေသည်။ ထိုအရာကို အိပ်စက်ခြင်းဆိုင်ရာဇီဝကမ္မစက်ဝန်းဟုခေါ်သည်။ အိပ်စက်ခြင်းတွင် ပုံမှန်အိပ်စက်ခြင်းနှင့်နိုးထခြင်းဟူ၍ခွဲခြားထားသည်။ အိပ်မပျော်သောရောဂါခံစားနေရသူများသည် ထိုအိပ်စက်ခြင်းဟူသောဖြစ်စဉ်အစား နိုးထခြင်းသာအဖန်တလဲလဲဖြစ်ပေါ်နေသည်။ ထို့သို့ဖြစ်ပေါ်ခြင်းမှာ ပတ်ဝန်းကျင်အခြေအနေ၊ ခန္ဓာဗေဒနှင့် အခြားသောဆေးဝါးများကြောင့်ဖြစ်သည်။ ပူသောအခြေအနေထက် အေးသောအခြေအနေကအိပ်ပျော်ခြင်းကိုအားပေးသည်။ ထို့ကြောင့် အနောက်နိုင်ငံမှဆေးပညာရှင်များက သာမန်ထက်အေးသောပတ်ဝန်းကျင်အပူချိန်သည် အိပ်ပျော်စေရန်အကောင်းဆုံးအခြေအနေဖြစ်သည်။ ထို့အခြေအနေတွင် မယ်လတိုနင်(melatonin)ဟုခေါ်သော အိပ်စက်ခြင်းကိုဖြစ်ပေါ်စေသော ဟော်မုန်းတစ်မျိုးကိုဖြစ်ပေါ်စေကြောင်း အင်္ဂလန်ဆေးပညာဂျာနယ်သစ် (New England Journal Of Medicine)တွင်ဖော်ပြထားသည်။ ထို့အပြင်အခြားသောရောဂါဝေဒနာများသည်လည်းအိပ်စက်ခြင်းကိုအနှောင့်အယှက်ပြုသည်။ စိတ်ကြွဆေးများနှင့် အခြားသောဟော်မုန်းဆိုင်ရာဆေးများသည်လည်း အိပ်စက်မှုကိုအနှောင့်အယှက်ပြုသည်။ ထို့အပြင် အိပ်စက်မှုကိုခက်ခဲစေသော ဖြစ်ရပ်တစ်ခုမှာ အိပ်ပျော်နေစဉ် အိပ်မက်ဆိုးများမြင်မက်ခြင်းဖြစ်သည်။

အိပ်မပျော်သောရောဂါကိုကာကွယ်ရန်အတွက် နေ့စဉ်အချိန်မှန်မှန် အိပ်ခြင်းနှင့်နိုးထခြင်းကိုပြုလုပ်သင့်သည်။ သို့မှသာ ခန္ဓာကိုယ်၏ဇီဝကမ္မဖြစ်စဉ်ကိုဦးနှောက်မှမှတ်မိကာ ကောင်းမွန်သောအိပ်စက်ခြင်းပုံစံကိုပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် အိပ်စက်ခြင်းအပြုအမူနှင့်အလေ့အထ (sleep hygiene)ကို ပြုစုပျိုးထောင်သင့်သည်။ မိမိအိပ်ခန်းကိုအိပ်စက်ခြင်းနှင့်လိင်ဆက်ဆံရန်အတွက်သာအသုံးပြုသင့်သည်။ အေး၍ မှောင်သောအပြင်အဆင်ရှိသင့်သည်။ ထို့အပြင်ကော်ဖီနှင့် အခြားကဖိန်းဓာတ်ပါသော အစားအစာများကို အိပ်ရာဝင်ခါနီးတွင်ရှောင်ကြဉ်သင့်သည်။ ထို့အရာများကိုဆေးပညာရှင်များက အိပ်စက်ခြင်းဆိုင်ရာအလေ့အထကောင်းများ(Good Sleep Hygiene)ဟုခေါ်ကြသည်။

အိပ်မပျော်သောရောဂါခံစားနေရသူများသည် အချိန်ကြာလာလျှင် စိတ်ပိုင်းဆိုင်ပြဿနာများနှင့်လူမှုရေးဆိုင်ရာပြဿနာများပေါ်ပေါက်လာနိုင်သောကြောင့် အချိန်မီကုသသင့်သည်။ အိပ်မပျော်ခြင်းရောဂါခံစားနေရသူများ၏ အဓိကဖြစ်စေသောအကြောင်းအရင်းများကိုရှာဖွေဖော်ထုတ်ကာ ကုသသင့်သည်။ စိတ်လက်ဖိစီးမှုကင်း၍ စိတ်လက်ကြည်သာရန်နေထိုင်သင့်သည်။ ချွေးထွက်သောအားကစားနည်းတစ်မျိုးကိုအနည်းဆုံးတစ်ပတ်တွင် သုံးရက်ခန့်လိုက်စားသင့်သည်။ အမျှင်ဓာတ်များသော၊ ဗီတာမင်စီကြွယ်ဝသောအစားအစာများကိုစားသုံးသင့်သည်။ ရေကိုတစ်နေ့သုံးလီတာခန့်သောက်သုံးသင့်သည်။ ရင်တုန်စေသောအစားအစာများကိုရှောင်ရှားသင့်သည်။ထို့အပြင် အိပ်ရာဝင်ခါနီးတရားထိုင်ခြင်း၊ စာရေးစာဖတ်ခြင်းများကိုပြုလုပ်သင့်သည်။ အိပ်စက်ခြင်းအလေ့အထကောင်းများ (Sleep hygiene)သည် အိပ်မပျော်သောရောဂါဖြစ်ပွားနေသူများတွင် အဓိကကုသမှုဖြစ်သည်။

ထို့အခြေအနေများမှအိပ်မပျော်သောရောဂါတာရှည်စွဲကပ်နေလျှင် စိတ်ရောဂါဆရာဝန်များနှင့်တိုင်ပင်ကာ ကုသသင့်သည်။ အနောက်နိုင်ငံများတွင် အိပ်စက်ခြင်းအထူးပြုဆရာဝန်ရှိသောအခါတွင် ထိုရောဂါကိုခံစားနေရသူများသည် ဆေးနှင့်အခြားသောနေထိုင်မှုပုံစံများပြောင်းကာကုသမှုခံယူကြရသည်။ ထို့ကြောင့် အိပ်မပျော်သောရောဂါသည် ကိုယ်ရေးကိုယ်တာကိစ္စများအပါအဝင်လူမှုရေး၊ စီးပွားရေးနယ်ပယ်များတွင်ပါ လာရောက်ထိခိုက်မှုရှိသောကြောင့် အချိန်မီကုသသင့်သည်။

Written by ဒေါက်ဦး(မွန်)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်