(ဓါတ်ပုံ အညွှန်း – သတင်းစာရှင်းလင်ပွဲ လာရောက်သူများကို ဖမ်းဆီးမှုပြုလုပ်၍ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေစဉ်)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေးရွာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အိမ်မဲ့မြေမဲ့များအတွက် မြေဧက ၉၂ ဧကကို မြေနေရာချထားပေးခဲ့သော်လည်း ကျေးရွာအာဏာပိုင်အချို့က ရွားသားများမြေကွက်ကို ရောင်းချမှုများပြုလုပ်ခဲ့ကြောင်း ဝါးဒက်ကွင်းရွာသားများက မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံး (SMJN) တွင် ဇန်နဝါရီ ၆ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုကြသည်။

သိမ်ဇရပ်တိုက်နယ် အုပ်ချုပ်ရေးမှူး ဦးခင်ဇော် ဦးဆောင်သည့်အဖွဲ့သည် အိမ်မဲ့၊ မြေမဲ့များကို မြေကွက်များ ဖော်ဆောင်မပေးဘဲ ရာဘာစိုက်ခင်းများ တည်ထောင်ခြင်း၊ ခြံမြေကွက်များဖော်၍ ရောင်းစားခြင်း၊ ကျောက်တိုင်များစိုက်၍ သံဇကာများကာရန်ကာ အပိုင်ယူထားသည်ဟု စွပ်စွဲပြောဆိုကာ ဝါးဒက်ကွင်းကျေးရွာသားများက နိုင်ငံတော်သမ္မထံ တိုင်ကြားထားသည်။

“ပထမအိမ်ခြေ ၅ဝဝ စာ အကွက်ရိုက်ပေးတယ်၊ တကယ်ပေးတော့ ၁ဝဝ လောက်ပဲပေးတယ်၊ ကျန်တာတွေ ရောင်းစားပစ်တယ်” ဟု ရွာသားများ နေအိမ်ရရှိရေးအတွက် လိုက်ပါကူညီနေသူ ဦးမောင်ရွှေက ဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်က သိမ်ဇရပ်တိုက်နယ်၊ ဝါးဒက်ကွင်းကျေးရွာတွင် အိမ်မဲ့၊ မြေမဲ့ ပြည်သူပြည်သားများအတွက် လူနေ ရပ်ကွက်အသစ် တိုးချဲ့တည်ဆောက်ရန် ပထမအကြိမ်မြေဧရိယာ ၃၂ ဧကခန့်နှင့် ဒုတိယအကြိမ်မြေဧရိယာ ၆ဝ ဧကကို သက်ဆိုင်ရာတိုက်နယ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ ပံ့ပိုးကူညီမှုများပြုခဲ့ကြောင်း ဝါးဒက်ကွင်းရွာသားများက ပြောသည်။

(ဓါတ်ပုံ အညွှန်း – သတင်းစာရှင်းလင်ပွဲ လာရောက်သူများကို ဖမ်းဆီးမှုပြုလုပ်၍ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေစဉ်)
(ဓါတ်ပုံ အညွှန်း – သတင်းစာရှင်းလင်ပွဲ လာရောက်သူများကို ဖမ်းဆီးမှုပြုလုပ်၍ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေစဉ်)

ယင်းရွာသားများသည် မော်လမြိုင်မြို့တွင် ၎င်းတို့၏အခက်အခဲကို သတင်းစာရှင်းလင်းပွဲ လာရောက်ပြုလုပ်စဉ် ကျိုက်ထိုနယ်မြေ ရဲတပ်ဖွဲ့နှင့် မော်လမြိုင်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များက သတင်းစာရှင်းပွဲ လာသူများထဲမှ ဦးမောင်မောင်၊ ဦးမောင်ရွှေနှင့် ဦးမျိုးတို့ကို ဖမ်းဆီးမှုပြုလုပ်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့နှင့် ရွာသားများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းစာရှင်းပွဲလုပ်သူများက ဆိုသည်။

ယင်းကဲ့သို့ ဖမ်းဆီးရခြင်းသည် ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှူးက ကျိုက်ထိုမြို့နယ်တရားရုံးထံ အမှုဖွင့်တိုင်ကြားထားသဖြင့် တရားရုံးက ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ထားခြင်းကြောင့် ရဲတပ်ဖွဲ့များက ဖမ်းဆီးရကြောင်း သိမ်ဇရပ်စခန်းမှူး ရဲအုပ်စိုးကြည်က ပြန်လည်ရှင်းပြသည်။

ယင်းရွာသားများ၏ နေအိမ်တဲများကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့ကတစ်ကြိမ်၊ နိုဝင်ဘာ ၂၆ ရက်နေ့က တစ်ကြိမ်ဖြင့် တဲအိမ်များကို ဒေသအာဏာပိုင်များက ဝင်ရောက်ဖြိုလှဲခြင်းနှင့် ဘော်ဒိုဇာထိုးခြင်းများပြုလုပ်ခဲ့သဖြင့် သတင်စာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း နေအိမ်အဖျတ်ခံရသည့် ဒေါ်ရွှေဝင်းက ဆိုသည်။

“သူတို့က လေးခွနဲ့ပစ်တယ်၊ တုတ်နဲ့ရိုက်တယ်၊ ကလေးတွေကို ပစ်လှဲပြီး ကန်ကျောက်တယ်၊ ဖြစ်ဖြစ်ချင်း တိုင်ချက်ဖွင့်ပေမယ့် လုံးဝအရေးမယူဘူး”ဟု ၎င်းက ပြောသည်။

Leave a Reply