Advertisements

ချောင်းဆုံ၊ ဒီဇင်ဘာလ ၁၉

ချောင်းဆုံမြို့နယ် ၊ ကညှော်ကျေးရွာနေ ဦးထွန်းနိုင် မွေးမြူထားသည့် ကျိုက္မရောမြို့နယ် ဝယ်ငဲ့ကျေးရွာ၊ ရော်ဘာခြံရှိ ဘဲခြံမှ ထူးဆန်းသော အမဲရောင် ဘဲဥ သုံး လုံး ပေါက်ဖွားခဲ့ပါသည်။

ဦးထွန်းနိုင်သည် အဆိုပါ ရော်ဘာခြံတွင် ဘဲမ ၁၄ ကောင်နှင့် ဘဲထီး နှစ်ကောင်ကို မွေးမြူထားကာ ဘဲမများက တစ်နေ့လျှင် ဥ ရှစ် လုံးခန့် ဥပေးနေပြီး မည်သည့်ဘဲမှ ထိုဥ ဥသည်ကို အတည်ပြု၍ မရသေးကြောင်း ၎င်းက ပြောဆိုသည်။

“လွန်ခဲ့တဲ့ နှစ်လဝန်းကျင်က ဘဲဥ အရင်ဦးဆုံး နှစ်လုံးဥရာမှ ပုံမှန်အရောင်မဟုတ်တဲ့ အမဲရောင်ဥ တစ် လုံးကို စရခဲ့တယ် ၊ နောက်ပိုင်းမှာ ၁၅ ရက်ခြားလောက် တစ်လုံး စီထပ်ဥတယ် ၊ အခုအမဲရောင် ဥ သုံး လုံးရရှိထားပြီးဖြစ်တယ်”ဟု ဦးထွန်းနိုင်က ဆိုသည်။

ယခုအခါ ထိုမဲရောင် ဘဲဥ သုံးလုံးကို ကညှော်ကျေးရွာသို့ သယ်ဆောင်လာပြီးဖြစ်သည်။ ထို့အပြင် ပုံမှန် မဟုတ်သည့် ဘဲဥ အရောင်ကြောင့် ဘုရားစင်၌ အမြတ်တနိုး ထားရှိသွားမည်ဖြစ်ပြီး ထိုဘဲဥပေါက်ဖွားသည့် နေ့မှ စ၍ စီးပွားရေး တိုးတက်လာကြောင်း ၎င်းက ပြောသည်။

ဘဲဥ အမဲရောင် ပေါက်ဖွားမှုနှင့် ပတ်သက်ပြီး ချောင်းဆုံမြို့နယ် တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါ်နွဲ့နွဲ့ရီ က မိမိအနေဖြင့် တစ်ကြိမ် တစ်ခါမှ မတွေ့ဖူးကြောင်း၊ ယင်းကဲသို့ ဖြစ်ရခြင်းမှာ ဘဲများတွင် ကယ်လ်စီယမ်ဓာတ် လိုအပ်ချက်ရှိနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် အမဲရောင် ဘဲဥများကို တစ်လုံးလျှင် ငွေကျပ် ၁၀၀၀၀ ပေါက်ဈေးရှိသည်။

“ဒီဘဲဥကိုထူးခြားတယ်ဆိုလို့ ဈေးပေးပြီးတောင်းဝယ်ကြတယ်၊ ကျွန်တော်က ရောင်းဖို့အစီအစဉ်မရှိဘူး၊ ဘဲဥကိုသိမ်းထားတာ နှစ်လဝန်းကျင်ရှိပေမဲ့ အခုချိန်အထိမပုတ်သေးဘူး မမြင်ဘူးတဲ့လူတွေကြည့်လို့ရအောင် ဆက်ပြီး ထိန်းသိမ်းထားမယ်”ဟု ဦးထွန်းနိုင်က ဆိုသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply