မော်လမြိုင် ၊ မေ ၂၉

မော်လမြိုင်မြို့အထက်လမ်းမကြီးပေါ်ရှိ မောင်ငံဝန်ထမ်းအိမ်ရာအနီးတွင် အိမ်ယာမဲ့ တစ်ဦးလမ်းမဘေးတွင် သေဆုံးနေ ကြောင်း မော်လမြိုင်မြို့ အခြေစိုက် Rescue အဖွဲ့ထံ မှသိရှိရသည်။

မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီ အချိန်က မောင်ငံ ဝန်ထမ်းအိမ်ယာ နှင့် Pro 1 ကုန်တိုက်အနီး လမ်းဘေး တွင် အသက် ၅၅ နှစ်အရွယ် အိမ်ယာမဲ့တစ်ဦးသေဆုံးနေသည်ကို အကြောင်းကြားလာကြောင့် Rescue အဖွဲ့ က သွားရောက်ခဲ့ပြီး ရဲတပ်ဖွဲ့၊ ရပ်ကွပ်အုပ်ချုပ်ရေးမှုးတို့ ဆက်သွယ်ကာ ဥပဒေအရ လိုအပ်သည့် လုပ်ထုံး လုပ်နည်း အတိုင်း ဆောင်ရွက်ပြီးစီးသည့်အချိန်တွင် မော်လမြိုင် ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း Rescue အဖွဲ့ မှ ကိုကျော်ကြီး ကပြောသည်။

“ သေဆုံးတဲ့သူကဦးအေးနိုင်လို့ သိရတယ် ။တစ်ခါတစ်ခါသံလွင်စျေမှာ ကျပန်းလုပ်နေတာတွေ့ရတယ်။ သူနဲ့ အမျိုးသမီးတစ်ယောက်လမ်းမပေါ်သွားနေတာလည်း တွေ့ရတတ်တယ်” ဟု မောင်ငံ ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးအောင်လင်း ကပြောကြားသည်။

အဆိုပါ ဦးအေးနိုင်နှင့် အတူသွားလာနေထိုင်နေသော အမျိုးသမီးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်း ရန် ကြိုးပမ်း ရာတွင် အတွေ့မခံဘဲ တိမ်းရှောင်သွားကြောင်း ၎င်း က ထပ်လောင်းရှင်းပြသည်။

“ သူတို့ နှစ်ယောက်ကို ဒီအနီးအနား မှာတွေ့နေရတာ ကြာပါပြီ။ ပတ်ဝန်ကျင်ကိုအနှောင့်ယှက်ပေးတာ မျိုးတော့ မရှိပါဘူးပေါ့ ”ဟုမောင်ငံ ရပ်ကွပ် အုပ်ချုပ်ရေးမှုး ဦးအောင်လင်းထံကဆိုသည်။

အဆိုပါ အမှု နှင့်ပတ်သက်ပြီး မုပွန်ရဲစခန်း က သေမှုသေခင်း ဖြင့်သာအမှုဖွင့်လှစ်ထားပြီး မည့်သည့် အကြောင်း ကြောင့်သေဆုံးခဲ့သည်ကိုမှု မော်လမြိုင် ဆေးရုံကြီးက စစ်ဆေးနေဆဲဖြစ်ကြောင်း မုပွန်ရဲစခန်း ထံမှ သိရှိရသည်။

မော်လမြိုင် မြို့ပေါ်ရှိ ရွှေနတ်တောင်ပန်းခြံရှေ့တွင် လူတစ်ဦး ဓါး ဒဏ်ရာနှင့် လမ်းပေါ်တွင် သေဆုံးနေ သည့် ဖြစ်စဉ်တစ်ခုလည်း မေလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ဖူးသည်။

ဟသၤာမီဒီယာ

ဓါတ္ပံု – Rescue

Leave a Reply