ရန်ကုန်၊ မေ

အိမ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအတိုင်း စာချုပ်မချုပ်ဘဲ ငွေပမာဏ လျော့ချုပ်ခြင်းမှာ ဥပဒေနှင့် မညီကြောင်းနှင့် အမှုအခင်းများ ဖြစ်လာတတ်ကြောင်း Home Group အိမ်ခြံမြေ စာချုပ်စာတမ်း ဥပဒေ ဝန်ဆောင်မှုလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးစန်းဝင်းအောင်၏ ပြောဆိုချက်အရ သိရှိရသည်။

“အခွန်သက်သာချင်လို့ စာချုပ်မှာ ဈေးကို လျော့ချုပ်တာ မလုပ်သင့်ပါဘူး။ မလိုလားအပ်ပဲ အမှုအခင်းတွေ ဖြစ်လာတတ်ပါတယ်။ တချို့က နားလည်မှုနဲ့ ဈေးကို လျော့ချုပ်ကြပေမယ့် ပြဿနာတက်လာရင် ဥပဒေနဲ့ အညီ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဖြေရှင်းရတဲ့ အချိန်ကြမှ နားလည်မှုနဲ့ လျော့ချုပ်ကြတာပါလို့ ပြောလို့ မရပါဘူး။ ချုပ်ထားတဲ့ စာချုပ်က အတည်ဖြစ်တဲ့အတွက် အိမ်ရှင်ကပဲ နစ်နာပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

အိမ်ဝယ်ပြီး စာချုပ်ချုပ်ဆိုရာတွင် အခွန်ကိစ္စ အကြောင်းပြပြီး စာချုပ်နာမျိုးချုပ်ရန် တောင်းဆိုလျှင် လက်မခံသင့်ကြောင်းနှင့် ပြဿနာဖြစ်လျှင် ဥပဒေနှင့်အညီ ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“စာချုပ်ကို တန်ဖိုးအတိုင်း ချုပ်တာကြောင့် ဘယ်သူမှလည်း မနစ်နစ်ပါဘူး။ အစိုးရက သတ်မှတ်ထားတဲ့ အခွန်ကို မှန်မှန်ကန်ကန် ပေးဆောင်တာက တစ်နေရာရာမှာ အသုံးဝင်မှာပါ။ အရောင်းအဝယ် စာချုပ်ချုပ်တဲ့ အခါမှာ တန်ဖိုးအတိုင်းပဲ ချုပ်ကြပါ။ တိုင်းပြည် တိုးတက်ဖို့အတွက် သတ်မှတ်အခွန်ကို ပေးဆောင်ပါ”ဟု ၎င်းက ဆက်ပြောသည်။

အိမ်ဝယ်ပြီး ငွေအကျေမပေးချေမီ သတင်းစာတွင် ကန့်ကွက်မှု ရှိ၊ မရှိ အရောင်းအဝယ် ပြုလုပ်ရန်အတွက် ဖော်ပြထားသည့် မြေပုံ၊ မြေရာဇဝင်၊ လိုအပ်လျှင် အသုံးပြုနိုင်မည့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံ တင်ပြီးသား Special Power (SP) တစ်စောင်နှင့် အခြား မှတ်ပုံတင်ပြီးသား အိမ်ခြံမြေဂရမ်၊  ဆက်စပ်စာချုပ်၊ မိမိဝယ်ယူထားသည့် အဆောက်အအုံ မြေနေရာမှာ ကျူးကျော်နေထိုင်သူများ၊ ငှားရမ်း နေထိုင်သူများ ရှိ၊ မရှိကို သေချာစိစစ်လေ့လာပြီးမှ ငွေပေးချေမှု ပြုလုပ်သင့်ကြောင်း အိမ်ခြံမြေ ရောင်းဝယ် လုပ်ငန်းလုပ်ကိုင်သူတို့က ဆိုသည်။

MMK

Leave a Reply