Advertisements

ကယ်လီဖိုးနီးယား ဖေဖော်ဝါရီ ၇

နာမည်ကြီး အမေရိကန် တံဆိပ်တွေဖြစ်တဲ့ MK, Jimmy Choo နဲ့ Versace တို့ရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Capri Holding ကုမ္ပဏီဟာ ဈေးကွက်မြှင့်တင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်လာစေဖို့ အိမ်တိုင်ယာရောက် ပို့ပေးတဲ့ ဝန်ဆောင်မှုကို ဖေဖော်ဝါရီ ၈ ရက်ကစပြီး ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဝန်ဆောင်မှုကနေတစ်ဆင့် ဝယ်ယူမှု ၁၂ရာခိုင်နှုန်းအထိ တိုးတက်လာဖို့ ကုမ္ပဏီဘက်က မျှော်လင့်ထားတယ် လို့ သိရပါတယ်။

ဇိမ်ခံအသုံးအဆောင်တံဆိပ်တွေအဖြစ် တန်းဝင်တဲ့ Michael Kors တံဆိပ်ဟာ လွန်ခဲ့တဲ့ နှစ်တွေမှာ ရောင်းအားကျဆင်းခဲ့ပြီး အခွန်တွေဆောင်ရတဲ့နှုန်းသာ မြင့်လာတာကြောင့် ကုမ္ပဏီရဲ့ စီအီးအိုက ယခုလို နာမည်ကြီးတံဆိပ်၃ခုကို အိမ်ပို့ဝန်ဆောင်မှုပေးပြီး မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုလုပ်တာကြောင့် လာမဲ့နှစ်မှာ ထုတ်ကုန်တွေကို ဆိုင်တွေက ရောင်းမကုန်လို့ ပြန်အပ်တဲ့ နှုန်းတွေကို လျော့သွားစေနိုင်ပြီး ရောင်းချနှုန်းမြင့်လာမည်အပြင် နေရာအနှံ့ မားကတ်ဆင်းပြီးသားလည်း ဖြစ်သွားမယ်လို့ စီအီးအိုဖြစ်သူ ဂျွန်အိုင်ဒေါက ပြောပါတယ်။

Capri ကုမ္ပဏီဟာ ယခင်က Michael Kors အမည်နှင့်သာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်မှာတော့ ထုတ်ကုန်တံဆိပ်တွေအကုန်လုံးကိုကိုယ်စားပြုနိုင်မဲ့ ကုမ္ပဏီအဖြစ် နာမည်ပြောင်းခဲ့ရတာဖြစ်ပါတယ်။ ဒီလိုနာမည်ပြောင်းတာကြောင့် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၁၀၀ရခဲ့ပါတယ်။

ဒါပေမဲ့ Michael Kors တံဆိပ်ဟာ သူရဲ့ လယ်ဗယ်တူ Gucci, Louis Vuittonတို့နဲ့ ယှဉ်တဲ့အခါ ဈေးအနေနဲ့ ရော ရောင်းချရတဲ့ နှုန်းအနေနဲ့ပါ မယှဉ်သာအောင်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် အခြား ထုတ်ကုန်ဖြစ်တဲ့ Jimmy Chooဘက်ကို ရင်းနှီးမြှုပ်နှံမှု အားစိုက်ခဲ့ရာက အထိုက်အလျောက် အောင်မြင်မှုရခဲ့ပါတယ်။

MK အရောင်းဆိုင်တွေဟာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းက ရောင်းအား ၂ဒသမ၄ရာခိုင်နှုန်းကနေ ၈ဒသမ၃ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် လူငယ်တွေကြားမှာ ရေပန်းစားမှုလည်းနည်းခဲ့ ပါတယ်။ Jimmy Chooတံဆိပ်ကတော့ ဆန့်ကျင်ဘက်အနေနဲ့ ထိပ်တန်းရောက်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၉၉,၀၀၀ ကနေ ၂၃၃,၀၀၀အထိ ရခဲ့ပါတယ်။

CNA

Advertisements
<

Leave a Reply