ကမ္ဘာ့နိုင်ငံကြီးများတွင် အကြမ်းဖက်လုပ်ရပ်များကို အဓိက လုပ်ကိုင်နေသည့် အိုင်အက်စ်(IS) အဖွဲ့ဝင်များ မြန်မာနိုင်ငံရှိ ရှမ်းပြည် နယ် ဖယ်ခုံမြို့နယ်အတွင်း သို့ ရောက်ရှိနေခြင်းဆိုသည်မှာ ချဲ့ကားသတင်းသာ ဖြစ်ကြောင်း ကယန်းအမျိုးသား ပါတီ KNP က ကြေညာချက်ထုတ်ပြန်လိုက်သည်။

phal khone
ဖယ်ခုံမြို့နယ်အတွင်း အခြေစိုက်သည့် ကယန်းအမျိုးသားပါတီ၏ သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ပြည်သူများ ထိတ်လန့် ဖြစ်စေသည့် အရေးကြီးသည့် ညွှန်ကြားချက်များကို တိကျစွာ စိစစ် ထုတ်ပြန်သင့်သည်ဟု ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အင်ဒိုနီးရှားနိုင်ငံမှ အစွန်းရောက် ဘာသာရေးခေါင်းဆောင်များ မြန်မာပြည်သို့ ရောက်ရှိနေကြောင်း သတင်းရရှိမှုကြောင့် သတိရှိစေရန် အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်သို့ သြဂုတ် လ ၃ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားခဲ့သော်လည်း ညွှန်ကြားချက်များတွင် သတင်းချဲ့ကားမှုများ ပါဝင်နေသည်ဟု KNP ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သြဂုတ်လ မလေးရှားနိုင်ငံအစိုးရသို့ အိုင်အက်စ် အဖွဲ့မှပေးပို့သည့် စာအတွင်း အရှေ့တောင်အာရှနိုင်ငံများရှိ ပစ်မှတ်ထားသော ထိပ်တန်းပုဂ္ဂိုလ်များတွင် မြန်မာနိုင်ငံမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ အမည်လည်း ပါဝင်လျက်ရှိကြောင်း မလေးရှားနိုင်ငံအခြေစိုက် သတင်းဋ္ဌာနများတွင်ဖော်ပြထားသည်။

အလားတူ ယင်းသို့ အိုင်အက်စ် အဖွဲ့၏ ခြိမ်းခြောက်မှု သတင်းရရှိမှုကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံတော်အဆင့် အကြီးအကဲများ၏ လုံခြုံရေးကို အထူးဂရုပြု တိုးမြှင့်ထားကြောင်း နိုင်ငံတော်သမ္မ တရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။

Leave a Reply