အီဂျစ်တွင် အခြေခံလုပ်ခလစာများတိုးမြှင့်

ကိုင်ရို ဧပြီ

အီဂျစ်နိုင်ငံတွင်းလုပ်ကိုင်ေနသည့် အလုပ်သမားများ၏ အခြေခံလုပ်ခလစာများကို ဧပြီလ ၁ရက်နေ့မှ စတင်ကာ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း အီဂျစ်နိုင်ငံအစိုးရအဖွဲ့မှ မတ်လ ၃၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဝန်ထမ်းတွေရဲ့ လစာတွေကို တစ်လကို အီဂျစ်ငွေ ၁၂၀၀ပေါင်ကနေ ၂၀၀၀ပေါင်အထိ (အမေရိကန်ဒေါ်လာ ၁၁၅ဒသမရ၄) ဒေါ်လာအထိ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုးမြှင့်ပေးချင်းကို မတ်လ ၃၀ရက်နေ့ကတည်းက လက်မှတ်ထိုးပေးပြီးသားဖြစ်ကြောင်း အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒယ်လ်-ဖက်တာ အယ်လ်-စီစီ (Abdel-Fattah al-Sisi) က ပြောကြားခဲ့သည်။

လစာနှုန်းတိုးမြှင့်လိုက်ခြင်းသည် နိုင်ငံတွင်းအလုပ်သမားအားလုံးအတွက် အကျုံးဝင်ကြောင်း သမ္မတက ပြောသည်။

ထို့ပြင် အီဂျစ်နိုင်ငံသား အမျိုးလိုင်းတင်ရန်သမီးများ နှင့် မိခင်များအား ဂုဏ်ပြုသည့်အခမ်းအနားတစ်ခု တွင် အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒယ်လ်-ဖက်တာ အယ်လ်-စီစီ (Abdel-Fattah al-Sisi) က ယခုကဲ့သို့ တိုးမြှင့်လိုက်ခြင်းသည် ကနဦးအဆင့်သာရှိသေးပြီးနောက်ပိုင်းတွင် တန်းတူညီမျှမှုဆိုင်ရာ လုပ်ဆောင်ချက်များကို ဆက်လက် လုပ်ဆောင်သွားပေးမည်ဖြစ်ေကြာင်း အတည်ပြုဖြေကြားခဲ့သည်။

ယခုလုပ်ဆောင်ချက်သည် အီဂျစ်နိုင်ငံသားများအပေါ် သက်ရောက်မှုရှိနေသည့် ခြိုးခြံခြွေတာမှု အတိုင်းအတာများကို ပယ်ဖျယ်ပေးရန်ဖြစ်ကြောင်း၊  အီဂျစ်နိုင်ငံအနေနှင့် ခက်ခဲသည့် ကာလများ မပြီးဆုံးသေးသော်လည်း အီဂျစ်နိုင်ငံ၏ အခြေအနေများ တိုးတက်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အမေရိကန်ဒေါ်လာ ၁၂ဘီလီယံ ချေးငွေထုတ်ပေးခဲ့ကြောင်း နှင့် ၎င်းထောက်ပံ့ငွေများအနက် သုံးပုံ၂ပုံအား ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

CNN

==

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.