Advertisements

ချောင်းဆုံ ၊ မေ

အုတ်ဖုတ်လုပ်ငန်းများရပ်နားလိုက်သည်နှင့် ချောင်းဆုံမြို့နယ်တွင် အုတ်ဈေးနှုန်းများမြင့် တက်လာကြောင်းနှင့် ဒေသတွင်သစ် ၊ ဝါး ရှားပါးလာခြင်းကြောင့် နေအိမ်များဆောက်လုပ်ရာ၌ သစ်အိမ် ၊ ဝါးအိမ်များအစားတိုက်အိမ် များကို ဒေသခံများဦးစားပေး ဆောက်လုပ်နေထိုင်လာကြောင်းသိရသည်။

“အုတ်ဖိုတွေလုုပ်ငန်းမရပ်နားခင်က အုတ်တစ်လုံးကို အုတ်ဖို ဈေးနှုန်း အမြင့်ဆုံး ၄၅ ကျပ်ဖြစ်ခဲ့တယ်။လုပ် ငန်းမှာအသုံးပြုဖို့ အုတ် ၃၀၀၀၀ ကျော်ဝယ်ခဲ့တယ် ။မိုးရာ သီရောက်လို့ ဒီနှစ်မှာ အုတ်ဖုတ်လုပ်ငန်းတွေရပ် နားလိုက်တာနဲ့အခုပေါက်ဈေးက အုတ်တစ်လုံးကို ၆၀ ကျပ်ထိမြင့်တက်လာတယ် ။လုပ်လက်စလုုပ်ငန်းတွေက မပြတ်သေးခင်မှာ အရင်ဈေးတွေနဲ့ ဝယ်လို့မရတော့ဘူး ”ဟု ကညှော်ကျေးရွာနေဒေါ်အေးသင်းက ဆိုသည်။

အုတ်ဈေးနှုန်းများမှာလည်း ဒေသအခြေအနေနှင့် လမ်းခရီးအနီးအဝေးအလိုက်ဝန်ဆောင်မှုအပေါ်မူတည်ပြီး အုတ်တစ်လုံးလျှင် ချောင်းဆုံမြို့ပေါ်အပါအဝင်ကျေးရွာအများစုမှာ ၆၀ ကျပ်၊ ဒရယ်ကျေးရွာတွင် ၆၅ ကျပ် ၊ ဆယ်ဗလာ၊ ကမာကေးကျေးရွာတို့တွင် ၈၅ ကျပ်ထိပေါက်ဈေးများရှိနေကြောင်း ဆယ်ဗလာကျေးရွာက ဦးရန်နိုင်စိုး ကရှင်းပြသည်။

“ဒေသမှာသစ် ၊ ဝါး ရှားပါးလာပြီဖြစ်တယ် ။အခုလက်ရှိအသုံးပြုနေတဲ့ သစ်တွေကိုလည်းပြင်ပဒေသက ဝယ်ယူ သုံးစွဲနေခြင်းဖြစ်တယ် ။သစ် ၊ ဝါးရှားပါးလာတာနဲ့အမျှ သစ်ဝါးတွေလည်းသက်တန်းနုတော့ အရည်အသွေး မကောင်းတော့ဘူးသစ်အိမ် နဲ့ တိုက်အိမ်တာရှည်ခံနိုင်မှုနဲ့ ကုန်ကျစရိတ်နှိုင်းယှဉ်လိုက်ရင် ဒေသခံအများစုက တိုက်အိမ်ကိုဦးစားပေးဆောက်လုုပ် လာကြတယ်”ဟု လက်သမားဆရာ ဦးဒွေးက သုံးသပ်ပြောဆိုသည်။

ချောင်းဆုံမြို့နယ်တွင် အုတ်ဖိုလုပ်ငန်းလုုပ်ကိုင်သူများအပြင် အုတ်များဝယ်ယူသိုလှောင်ရောင်းချသူများလည်း ရှိပြီး ယခုနှစ်တွင် အုတ်ဖိုလုပ်ငန်းများလုပ်ငန်းရပ်နားလိုက်သည်နှင့် ဒေသတွင် ဈေးနှုန်းများမြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။

“အရင်နှစ်တွေက တော်သလင်း ၊ သီတင်းကျွတ်လတွေရောက်မှ အုတ်တစ်လုံး အမြင့်ဆုံး ၆၀ ကျပ်ရခဲ့တယ် ။ဒီနှစ်မှာ အုတ်ဖိုတွေ လုပ်ငန်းသိမ်းတာနဲ့ အုတ်တစ်လုံးကို ၆၀ ကျပ်ဖြစ်လာပြီဆိုတော့ ဒီနှစ်အုတ်သိုလှောင်ရ တာမဆိုးဘူး” ဟု လုပ်ငန်းရှင် ဦးအောင်ဝင်းက ဆိုသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply