၁။ အုန်းဆံကြိုးပြုလုပ်သူတွေဟာ အုန်းခွံများကို တစ်ခုလျှင် ၅ ကျပ်နှုန်းဖြင့် အုန်းခြံများနှင့် အခြားသော အုန်းသီး ရောင်းချသူများထံမှ လိုက်လံ ဝယ်ယူ ရပါတယ်။

လွန်ခဲ့သော အတိတ်ကာလ ကွမ်းယာဆိုင်များတွင် ဆေးလိပ်မီးညှိရန်အတွက် မီးစွဲလောင်စေ၍ တွဲလောင်း ကျနေသော ကြိုးတစ်ချောင်းဖြင့် ဆေးလိပ်မီးကို ညှိခဲ့ရပါတယ်။ ထိုကြိုးမှာ အုန်းဆံကြိုးပင် ဖြစ်ပါတယ်။ အုန်းသီးကို မုန့်နှင့် အခြား အစားအစာများပြုလုပ်ရန် သုံးစွဲကြပြီး အုန်းခွံကို စွန့်ပစ်လေ့ရှိပါတယ်။ စွန့်ပစ်ထားသော အုန်းခွံများကို အုန်းဆံကြိုးအဖြစ် ပြန်လည်အသုံးပြုရအောင် ကြိုးကျစ်ရောင်းချနေသော လူသိများသည့် အုန်းဆံလမ်းဟာ မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်ရှိ မြို့မတံတားလမ်းပဲ ဖြစ်ပါတယ်။

Leave a Reply