Advertisements

Colorectal Cancer လို့ခေါ်တဲ့ အူမကြီးနဲ့အစာဟောင်းအိမ် လမ်းကြောင်းတစ်လျှောက်မှာဖြစ်တဲ့ ကင်ဆာရောဂါဟာ အစာအိမ်နဲ့အူလမ်းကြောင်းကင်ဆာတွေထဲမှာ အဖြစ်များဆုံး ဖြစ်တယ်။ ဒါပေမဲ့ ဆေးတိုးပြီး ကာကွယ်၍ရနိုင်တဲ့ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ အူမကြီး ကင်ဆာရဲ့ ရောဂါ လက္ခဏာ ဝေဒနာတွေ မပြခင်မှာ စောစီးစွာ ကြိုတင် သိရှိအောင် စစ်ဆေးလို့ရတယ်။

ရောဂါ လက္ခဏာတွေကတော့ Iron Deficiency Anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ၊ သွေးဝမ်းသွားခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း၊ ပုံမှန် ဝမ်းသွားတတ်တဲ့ အကျင့် ပြောင်းလဲခြင်း၊ အူပိတ်ခြင်း ပေါက်ခြင်း တို့ဖြစ်နိုင်တယ်။ ခန္ဓာကိုယ်ရဲ့ ညာဘက်ခြမ်းမှာ ဖြစ်တဲ့ ကင်ဆာများက သွေးဝမ်းသွားတာ ဝမ်းလျောတာ ကိုပိုဖြစ်တတ်ပြီး ၊ဘယ်ဘက်ခြမ်းမှာဖြစ်တဲ့ ကင်ဆာများကတော့ အူပိတ်တာနဲ့ သိရတတ်တယ်။ ပိုပြီး စောစီးစွာသိရလေ့ရှိတယ်။ ဝမ်းဗိုက်မှာ အလုံးအကြိတ်များ စမ်းမိရလေ့ရှိတယ်။

Colorectal cancer ဟာ အင်မတန်ရှုပ်ထွေးတဲ့ ရောဂါစုကြီးဖြစ်တယ်။ Disease complex လို့ ပြောနိုင်တယ်။ Genetic လို့ခေါ်တဲ့ မျိုးရိုးဗီဇပိုင်းဆိုင်ရာမှားယွင်းမှုတွေက Adenoma လို့ခေါ်တဲ့ ကင်ဆာမဟုတ်သေးတဲ့ အကြိတ်မှ တဖြည်းဖြည်း invasive adenocarcinoma ဆိုတဲ့ ထိုးဖောက် ဖျက်ဆီးတဲ့ ကင်ဆာ အကြိတ်ကို ပြောင်းလဲသွားတတ်ပါတယ်။ Familial Adenomatous Polyposis (FAP) လို့ခေါ်တဲ့ ရှားပါးပြီး မျိုးရိုးလိုက်တဲ့ ရောဂါကြောင့် အူမကြီးကင်ဆာဖြစ်နိုင်တယ်။ ဒီ FAP မျိုးရိုးရှိတဲ့ သူတွေဟာ အသက် ၄၀ အရွယ်မှာ အူမကြီးကင်ဆာဖြစ်ဖို့ ရာနှုန်းပြည့်လောက် သေချာတယ်။ အမျိုးသားတွေမှာအဖြစ်များတတ်ပြီး အမျိုးသမီးတွေမှာလည်းဖြစ်တတ်တယ်။

Advertisements
data-language="en"

နောက်စိတ်ဝင်စားစရာ မျိုးရိုးတစ်ခုက APC gene လို့ခေါ်တယ်။ APC gene mutation ဖြစ်သွားရင် (mutations ဆိုတာ မှားယွင်း ပြောင်းလဲတာကိုခေါ်တာပါ၊ အသစ်တစ်ခုဖြစ်သွားတာပေါ့) ကင်ဆာမဟုတ်တဲ့ Adenoma အကြိတ်အသေးလေးတွေကို Adenicarcinoma ကင်ဆာကြိတ်တွေဖြစ်စေတာပဲ။ ဘယ်လိုဖြစ်စေတာလဲဆိုတော့ Oncogene လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ Gene c-myc တို့ cyclin D1 စတာတွေကို APC gene က activates လုပ် နှိုးဆွပေးလိုက်တယ်ဆိုပါတော့။

Sporadic colorectal cancer (non-hereditary colorectal cancer) တွေမှာ APC gene က အဓိကကျတဲ့အရာဖြစ်ပါတယ်။ ထိုAPC gene ကြောင့် အူမကြီးနံရံအတွင်းရှိဆဲလ်ပွားမှုတွင် မူမမှန်မှုတွေဖြစ်ပြီး အူမကြီးကင်ဆာဖြစ်စေပါတယ်။ Sporadic cancer ဆိုတာ မျိုးရိုးမလိုက်ဘ၊ဲ မျိုးရိုးမရှိဘဲနဲ့ ကံအားလျော်စွာဖြစ်တတ်တဲ့ ကင်ဆာတွေကို ပြောတာပါ။

နောက်တစ်ခုကတော့ HNPCC လို့ ဆရာဝန်တွေ အတိုကောက်ခေါ်လေ့ရှိတဲ့ မျိုးရိုးလိုက် ရောဂါ လက္ခဏာစုတစ်ခုအကြောင်းပါ။ HNPCC ရဲ့အရှည်ကတော့ Hereditary Nonpolyposis colon cancer syndrome လို့ခေါ်ပါတယ်။ ဒီ HNPCC ဆိုတဲ့ ရောဂါရှိတဲ့ လူတွေဟာ ဘဝသက်တမ်းတစ်လျှောက်မှာ အူမကြီးလမ်းကြောင်း ကင်ဆာဖြစ်နိုင်ခြေ ၄၀ ရာနှုန်းလောက်ရှိတယ်။ အူမကြီးလမ်းကြောင်း တစ်ခုတင် မကဘဲ ဆီးလမ်းကြာင်းကင်ဆာ၊ သားအိမ်ကင်ဆာ စတာတွေလည်း ဖြစ်နိုင်ခြေရှိတယ်။ အူမကြီး ကင်ဆာအားလုံးရဲ့ ၆ ရာခိုင်နှုန်းဟာ ဒီ HPNCC ကြောင့်ဖြစ်ရတယ်။ ပုံမှန်အားဖြင့် Aspirin ဆိုတဲ့ သွေးကြဲဆေးကို သောက်ရင် အူမကြီးကင်ဆာ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီ HNPCC, Lynch syndrome ရှိတဲ့ လူဆိုရင်တော့ Aspirin သောက်လည်း အူမကြီး ကင်ဆာကို ကာကွယ်နိုင်ခြင်းမရှိပါဘူး။

အူမကြီးကင်ဆာဖြစ်နိုင်တဲ့ အခြား အကြောင်းတွေက red meat တွေ တိရစ္ဆာန်ကရတဲ့ အဆီတွေကို လွန်ကဲစွာစားခြင်း၊ အမျှင်ဓာတ် စားတာနည်းခြင်း၊ အသီးအနှံနဲ့ဟင်းသီးဟင်းရွက် အစားနည်းခြင်း၊ ဝမ်းချုပ်တတ်ခြင်းတို့ ဖြစ်တယ်။

အူမကြီးလမ်းကြောင်း ကင်ဆာ ဖြစ်ပွားမှုနည်းစေတဲ့ အကြောင်းတွေက အမျှင်ဓာတ်ကြွယ်ဝစွာစားခြင်း၊ အစေ့အဆန်တွေ ၊ဆန်လုံးညို ဂျုံကြမ်း စတာတွေစားခြင်း၊ ဒိန်ချဉ် စားသုံးခြင်း တို့ဖြစ်တယ်။ အဝလွန်တာ၊ ဆေးလိပ်၊ အရက်သောက်တာ၊ ကိုယ်လက်လှုပ်ရှားမ နည်းတာတွေကြောင့်လည်း အူမကြီးကင်ဆာဖြစ်စေနိုင်တယ်။ အရက်သောက်တဲ့ လူတွေထဲမှာလည်း အရက်ကို ပမာဏများစွားသောက်သုံးသူတွေမှာ ပိုဖြစ်ပွားနိုင်တယ်။

အူမကြီးကင်ဆာဟာအဖြစ်များတဲ့ကင်ဆာအမျိုးအစားတစ်ခုဖြစ်တယ်။ ဆေးတိုးပြီး သင့်တော်မှန်ကန်သောကုသမှုတွေကို ခံယူပါက သက်တမ်းစေ့နေနိုင်မှာဖြစ်တယ်။ သင့်တင့်သောကိုယ်လက်လှုပ်ရှားမှုနဲ့ ကျန်းမာသောအစားအသောက်ပုံစံလုပ်ဆောင်ရင်း ကင်ဆာရောဂါအန္တရာယ်ကို အစဉ်သတိပြုနိုင်ပါစေ။

ဒေါက်ဦး(မွန်)

Leave a Reply