မျှော်နိုင်သမျှ Audio CD ကို MTV အဖြစ်ပြန်လည်ပုံဖော် နေပါပြီဆိုတဲ့ မျှော်နိုင်သမျှပိုင်ရှင် ဖြိုးပြည့်စုံနဲ့တွေ့ဆုံခိုက် လက်ရှိ အနုပညာလှုပ်ရှားမှုတွေကိုတော့ သူက“အခုဆိုရင် ကျွန်တော့် အနေနဲ့မျှော်နိုင်သမျှ MTV ကိုပရိသတ်လက်ထဲ ရောက်အောင်ကြိုးစားနေပါပြီ။

အ မှန် ပြောရရင်အခွေတစ်ခွေကို MTV အနေနဲ့ပြန်လည်ပုံဖော်ရတဲ့ အချိန် မှာ အချိန်ရော၊ ငွေရော၊ လူ ရောအရမ်းကိုပင်ပန်းပြီး အကုန် အကျ များပါတယ်။ ပြီးပြီး ရောလုပ်လိုက် ရင်ရတယ်ဆိုပေမဲ့ မျှော်နိုင်သ မျှအခွေနဲ့ကျွန် တော့်ကိုအားပေးခဲ့ တဲ့ ကျွန်တော့်ရဲ့ကျေးဇူးရှင်ပရိသတ် တွေအတွက် သီချင်း နားထောင်ပြီး ရသတစ်ခုကိုပေးစွမ်း နိုင်မယ့် Quality ကောင်းကောင်း နဲ့ရုပ်ထွက်ကို ပြန်ပေးချင်လို့အခု လိုမျိုးပြန်လည်ပုံဖော်ဖြစ်တာပါ။ ပရိသတ်အပေါ်ထားတဲ့ စေတ နာနဲ့ထပ်တူမေတ္တာပြန်ရမယ် လို့လည်းယုံကြည်ပါတယ်။ အကျိုး အမြတ်ဆိုပြီးစိတ်ထဲမှာမထားတဲ့ အတွက် ကိုယ့်စိတ်ကို ကိုယ် ကျေနပ်မိပါတယ်။

အခုမျှော်နိုင် သမျှအခွေကို MTV အဖြစ် ပုံဖော်နေတဲ့အချိန်မှာတေးသံရှင် အောင်ထက်နဲ့တွဲပြီး အခွေတစ် ခွေ ဖန်တီးနေပါတယ်။ အဲဒီအ ခွေမှာတော့ အောင်ထက်ကတစ် ဝက်၊ ကျွန်တော်ကတစ်ဝက် နှစ်ယောက်ပေါင်းစုစည်းမှုပါ။ ထူးခြားမှုအနေနဲ့ဆိုရင်တော့ ဒီအ ခွေမှာကျွန်တော့်ကိုတစ်ခါမှမတွေ့ ဖူး၊ မမြင်ဖူးတဲ့ဂီတပုံစံအသစ် တစ်ခုကို ပရိသတ်ကြီးခံစားနား ဆင်နိုင်မှာပါ။ မတူညီတဲ့ကျွန်တော် တို့နှစ်ယောက်ပုံစံကလည်း ပရိ သတ်ကိုရသတစ်မျိုးခံစားရစေမယ် လို့ယုံကြည်ပါတယ်။ အဲဒီအခွေက တော့မကြာခင်အကောင်အထည် ပေါ်လာမှာပါ။ ဘာဖြစ်လို့လဲဆို တော့ကျွန်တော်တို့နှစ်ယောက်လုံး အရမ်းကိုတက်ကြွနေတယ်။ သက် ဆိုင်ရာကူညီမှုအသီးသီးလည်းရှိ နေတယ်။ ဒီတော့ကျွန်တော်တို့နှစ် ယောက်ကသီချင်းရှာဖို့ပဲရှိပါ တယ်။ ဒီအခွေကိုကျွန်တော့်တို့ အနေ နဲ့ ၂၀၁၇မကုန်ခင် မှာပရိသတ်လက် ထဲအရောက် ထည့်ပေးမယ်။ ကျွန်တော့်ရဲ့ မျှော်နိုင်သမျှ MTV ကိုလည်းပရိသတ်ဆီကို အမြန်ဆုံးပို့ဆောင်သွားပါ မယ်။

လတ်တလောအနေနဲ့ဆိုရင် တော့ သီချင်းတွေအများကြီးဖန် တီးဖြစ်နေတယ်။ ပြီးရင် Show တွေ၊ ဖျော်ဖြေပွဲတွေမှာလည်းသီချင်းဆိုဖြစ်နေပါတယ်”လို့ ပြောပြခဲ့ပါတယ်။

Photo from Phyo Pyae Sone facebook

Leave a Reply