Advertisements

မော်လမြိုင်၊ အောက်တိုဘာ ၅ ရက်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရုံးဝန်ထမ်းများအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ဝန်ထမ်းလုပ်ထုံးလုပ်နည်း ကိုဆန့်ကျင်ပြီး လွဲမှားစွာလုပ်ဆောင်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ပြီး အကျင့်ပျက် ဝန်ထမ်းမထားဟု မွန်ပြည်နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောဆိုလိုက်သည်။

“ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး။ ခေတ်တွေ၊ စနစ်တွေ ပြောင်းလာပြီဖြစ်တဲ့အတွက် ဝန်ထမ်းတွေကိုလည်း ဥပဒေ၊ နည်းဥပဒေနဲ့အညီဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်နေတယ်။ ဒီကြားထဲ ပြဿနာဖြစ်တဲ့အုပ်ချုပ်ရေး မှူးတွေ၊ ဥပဒေ၊ နည်းဥပဒေနဲ့မညီတဲ့ ဝန်ထမ်းတွေ၊ အမိန့်၊ တာဝန်၊ စည်းကမ်းမလိုက်နာတဲ့ဝန်ထမ်းတွေ၊ ဒါတွေ ကို အရေးယူမယ်၊ အကျင့်ပျက်ဝန်ထမ်းမထားဘူး။”ဟု မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်ကပြောသည်။

Advertisements
data-language="en"

အစိုးရသစ်လက်ထက်တွင် မွန်ပြည်နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို တာဝန်မှရပ်စဲခြင်း၊ စစ်ဆေးတွေ့ရှိ ချက်များအရ အမှုဖွင့်တရားစွဲဆိုထားခြင်းများရှိသည့်အပေါ် ပြည်နယ်ထွေအုပ်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

တာဝန်၊ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်ခဲ့သောကြောင့် တိုင်ကြားခံရသည့်ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ကို မွန်ပြည်နယ်အစိုးရအဖွဲ့က အရေးယူဆောင်ရွက်လျှက်ရှိပြီး သြဂုတ် ၂၄ ရက်အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၇)ဦးကို တာဝန်မှရပ်စဲခဲ့ရာ ၎င်းတို့မှာ ကျိုက်ထိုမြို့နယ်မှ(၃)ဦး၊ ပေါင်မြို့နယ်မှ(၃)ဦး၊ ချောင်းဆုံမြို့နယ်မှ(၁)ဦး တို့ဖြစ်ကြောင်း သိရသည်။

လတ်တလောကာလတွင် ရေးမြို့နယ်၊ ခေါဇာမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ မြေယာကိစ္စများတွင် ငွေကြေး တောင်းခံခဲ့သည်ဟု တိုင်ကြားထားသောကြောင့် ပြည်နယ်အဆင့်စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ပြီး ပြည်ထောင်စု အဆင့်အဂတိတိုက်ဖျက်ရေးကော်မရှင်ကလည်း စစ်ဆေးရန်အစီအစဉ်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုင်ကြားစာစစ်ဆေးရေးဌာနကိုဖွဲ့စည်း၍ တိုင်ကြားသည့်ကိစ္စရပ်များကို စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးလျှက်ရှိရာ အများဆုံးတိုင်ကြားသည့်ကိစ္စရပ်များမှာ မြေယာကိစ္စဖြစ်ပြီး ဒုတိယ အများဆုံးမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များဖြစ်ကာ တိုင်ကြားမှုများကိုစစ်ဆေးရာတွင် (၃၀)ရာခိုင်နှုန်းမှာ မှန် ကန်မှုမရှိကြောင်း သိရသည်။

“ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လုပ်ပိုင်ခွင့်ထက်ကျော်လွန်လုပ်ဆောင်ပြီး လုပ်ထုံးလုပ်နည်းနဲ့ လွဲမှားစွာလုပ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဝန်ထမ်းတွေကို ဥပဒေ၊ နည်းဥပဒေနဲ့အညီ အရေးယူဖို့လုပ်နေတယ်။ မော်လမြိုင် ကွင်းရပ်အုပ်ချုပ်ရေးမှူးလည်း တိုင်စာတွေတက်ထားတယ်။ ဒါကိုစစ်ဆေးနေတယ်။

စစ်ဆေးချက်ပေါ်မူတည်ပြီး မှားရင် တာဝန်ကရပ်စဲဖို့လုပ်မယ်”ဟု မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့် ကပြောသည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်နှင့် လုပ်ပိုင်ခွင့်ထက်ကျော်လွန်၍ လုပ်ထုံးလုပ်နည်းနှင့်မညီပဲ ခြံကွက်ရိုက်၊ မြေ ကွက်ရိုက်ရောင်းစားမှု၊ အရောင်းအဝယ်စာချုပ်ချုပ်ဆိုခြင်း၊ အဂတိလိုက်စားခြင်းစသည့် ကိစ္စရပ်များကြောင့် တိုင်ကြားမှုအများဆုံးဖြစ်ကြောင်း သိရသည်။

Written by – MMK

Leave a Reply