Advertisements

ဘရပ်ဆဲလ် ၊ အောက်တိုဘာ ၁၇

EU ဥရောပသမဂ္ဂနှင့် ဗြိတိန်အစိုးရကြား နုတ်ထွက်ရေးဆိုင်ရာ သဘောတူညီမှုသစ် ရရှိသွားပြီ ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များ က ကြေညာ ခဲ့ကြသည်။

ဗြိတိန် အနေနှင့် ကိုယ်တိုင်ပြလည် ထိန်းချုပ်နိုင်မည့် ကောင်းမွန်သော သဘောတူညီချက် ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဘိုးရစ် ဂျွန်ဆင်က ပြောကြားသည်။

အဆိုပါ သဘောတူညီချက်ကို ဗြိတိန်ပါလီ မန်တွင် လာမည့် စနေ့နေမှာ အတည်ပြု သင့်ကြောင်း ဘိုးရစ် ဂျွန်ဆင်က သူ ၏ တစ်တာ စာမျက်နှာ တွင် ရေးသားထားသည်။

ယင်းသဘောတူညီချက်မှာ နှစ်ဦးနျွှစ်ဖက် မျှတသော သဘောတူညီချက်တစ်ခု ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker ကြေညာ ခဲ့သည်။

အဆိုပါ သဘောတူညီချက်ကို ဘယ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တွင် EU အဖွဲ့ဝင် ၂၇ က ခေါင်းဆောင်များ က ဆွေးနွေး အတည်ပြုခဲ့ခြင်း လည်း ဖြစ်သည်။

ဗြိတိန်က အဓိကအတိုက်အခံပါတီ ၂ ခု ဖြစ်သော Labour နဲ့ Liberal Democrats ပါတီ တို့က မှု အဆိုပါ သဘောတူညီချက်ကို ကန့်ကွက်ပယ်ချထားသည်။

Ref BBC

Advertisements
<

Leave a Reply