မော်လမြိုင် ၊ ဇန်နဝါရီ ၂၃

၂၀၁၅-၂၀၁၆ စည်းကြပ် နှစ်အတွက် မွန်ပြည်နယ်တွင် ဝင်ငွေခွန် အများဆုံး အများဆုံး ထမ်းဆောင်သူ အဖြစ် ဦးပီပနော်ဟာရ်က ရပ်တည် နေပြီး ၎င်းသည် ယခင်နှင် ၂၀၁၄-၂၀၁၅ စည်းကြပ် နှစ်နှင့် ၂၀၁၅-၂၀၁၆ စည်းကြပ်နှစ် အတွက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ အဖြစ် နှစ်နှစ် ဆက်တိုက် ရပ်တည် ခဲ့ကြောင်း မွန်ပြည်နယ် ပြည်တွင်း အခွန် ဦးစီးဌာန မှတ်တမ်း များအရ သိရသည်။

၂၀၁၅-၂၀၁၆ စည်းကြပ် နှစ်တွင် တပြည်နယ်လုံး၌ သိန်း ၁၀၀ အထက် ဝင်ငွေခွန် ထမ်းဆောင်သူ ဦးပီမနောဟာရ် တစ်ဦးသာ ရှိခဲ့သည်။
၂၀၁၅- ၂၀၁၆ စည်းကြပ် နှစ်၏ ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ အဖြစ် ကျိုက်ထိုဟိုတယ် ပိုင်ရှင် ဦးနိုင်လင်းကိုကို (ဆက်ခံ) ဦးဝင်းနိုင်က ရပ်တည်ခဲ့ သိန်း ၁၀၀ အထက် ကုန်သွယ် လုပ်ငန်းခွန် ထမ်းဆောင် ခဲ့သည်။

၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်အတွင် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ ၁၀ ဦးတွင် နံ့သာဖြူ ဟိုတယ် ပိုင်ရှင် ဦးပီမနော်ဟာရ်၊ ငါးဖမ်း လုပ်ငန်းရှင် နှစ်ဦး ဖြစ်သည့် ဦးသန်းရှိန် နှင့် ဦးစိုးသိန်း ၊ ကျော်ကြား အိမ်ဆောက် ပစ္စည်း ဆိုင်ပိုင်ရှင် ဦးတင်လှိုင် ၊ ဝက်လိုင်စင် လုပ်ငန်းရှင် ဦးအောင်ဇော်ထက် ၊ ကျိုက်ထီးရိုး တောင်တက်ကား ပြေးဆွဲခြင်း လုပ်ငန်းရှင် ဒေါ်မြမြဝင်း ၊ သံလွင် ဟိုတယ် ပိုင်ရှင် ဦးချန်ထွန်း၊ စက်သုံးဆီ ရောင်းချခြင်း လုပ်ငန်းရှင် ဦးစိန်တင်၊ ကျိုက်ထီးရိုး တောင်တက်ကား ပြေးဆွဲခြင်း လုပ်ငန်းရှင် ဒေါ်ထိုက် နှင့် ပြင်ပ ဆေးခန်းပိုင်ရှင် ဒေါ်နွဲ့နွဲ့ရီ တို့ ပါဝင်သည်။

ဆက်လက်၍ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ ၁၀ ဦးတွင် ကျိုက်ထို ဟိုတယ်ပိုင်ရှင် ဦးနိုင်လင်းကိုကို (ဆက်ခံ) ဦးဝင်းနိုင်၊ ဘဲလေး ထမင်းဆိုင် ဦးခင်မောင်ဖြူ ၊ စိမ်းလဲ့တင် ဦးမျိုးမြင့်စိန် နှင့် ဒေါ်သန်းသန်းဆွေ ၊ မန္တလေး အသားကင် ဆိုင်ပင်ရှင် ဦးရဲမင်း၊ ကျော်ကြား အိမ်ဆောက်ပစ္စည်းဆိုင် ဦးတင်လှိုင်၊ ရွှေမြင့်မိုရ်ထွန်း ဟိုတယ် ဦးထိန်လင်း၊ အရက်ချက် စက်ရုံ ဦးညွှန်ကြည်၊ ၇၇၇ အရက်ဆီ ထုတ်လုပ်ငန်း ဒေါ်ကြည်ကြည်ညွှန့်၊ သံလွင်ဟိုတယ် ဦးချန်ထွန်းနှင့် ပန်ဒါ ရေခဲစက် ဦးစိုးမောင်တို့ ဖြစ်ကြသည်။

“အခွန် ထမ်းဆောင် နေတဲ့ သူတွေ အနေနဲ့ အခွန်တွေကို မပျက်မကွက် ထမ်းဆောင်ဖို့ လိုတယ်၊ ဥပမာ နံ့သာဖြူ ဟိုတယ်လို ပုံမှန် ထမ်းဆောင်ဖို့ လိုတယ်၊ အစိုးရ ကလည်း အခွန် တိမ်းရှောင်တဲ့ သူတွေကို ဖော်ထုတ် သွားရင်တော့ ဒီထက် မက အခွန် ပိုရနိုင်တယ်၊ အစိုး အတွက် အခွန် ဝင်ငွေတွေ တိုးလာမယ်”ဟု မွန်ပြည်နယ် ကုန်သည် စက်မှုအသင်း ဥက္ကဋ္ဌ ဦးလှရှိန်က ဆိုသည်။

၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်အတွက် ရရှိသည့် အခွန်များတွင် ကုန်သွယ်လုပ်ငန်း အခွန်မှ ၅၈၇၄၄ သိန်း၊ ဝင်ငွေ ခွန်မှ ၆၉၉၉၂ သိန်း၊ အောင်ဘာလေ သိန်းဆု အခွန်မှ ၈၂၂၂ သိန်းနှင့် တံဆိပ်ခေါင်း အခွန်မှ ၁၀၂၃၃ သိန်းတို့ ရရှိခဲ့ကြောင်း မွန်ပြည်နယ် ပြည်တွင်း အခွန် ဦးစီးဌာန စာရင်းများ အရ သိရသည်။

ဇော်ထိုက်

Leave a Reply