နေပြည်တော် ၊ နိုဝင်ဘာ ၈ ။ ။ လူမှုကွန်ယက်စာမျက်နာပေါ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နှုတ်ထွက်ရန် ရေးသားခဲ့သူ ဦးမျိုးရန်နောင်သိန်းအား ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောသည်။u-win-htain

“ဥပဒေနဲ့လည်းငြိတယ်၊ ကိုယ့်လူမို့ ဥပဒေနဲ့မငြိဘူးလို့ ပြောလို့မရဘူး၊ ဒါကြောင့် ဝင်ရောက်စွက် ဖက်မှာလည်း မဟုတ်ဘူး၊ ဥပဒေအတိုင်းပဲ” ဟု ဦးဝင်းထိန်က ဖြေကြားသည်။

ဦးမျိုးရန်နောင်သိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သုတေသနဌာန ဌာနမှူးအဖြစ် တာဝန်ယူ ဆောင် ရွက်နေသူတစ်ဦးဖြစ်သည်။

“မျိုးရန်နောင်သိန်းက အားကိုးရတယ်၊ သုတေသနတွေလည်း လုပ်နိုင်တယ်၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် က အမျှော်အမြင်ကြီးကြီးနဲ့ လူတိုင်းနဲ့တည့်အောင်ပေါင်းနေတယ်၊ တပ်နဲ့လည်း တည့်အောင်ပေါင်းနေတယ်၊ ဒီ ကောင်က ကိုယ့်ခေါင်းဆောင်လုပ်နေတာ မသိပါပဲနဲ့ ကာချုပ်ကိုဆဲတယ်၊ ကလော်တုတ်တယ်၊ ရင့်ရင့်သီးသီး ပြောတယ်၊ အဲ့ဒါကျတော့ ဘယ်လိုလုပ်ပါလို့ရမလဲ” ဟု ဦးဝင်းထိန်က ဆိုသည်။

အောက်တိုဘာ ၁၄ ရက်နေ့က ဦးမျိုးရန်နောင်သိန်း၏ ကိုယ်ပိုင်စာမျက်နာပေါ်တွင် မရေးချင်ပဲရေးတဲ့စာ ခေါင်း စဉ်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နှုတ်ထွက်ရန် ရေးသားမှုကြောင့် လှိုင်မြို့နယ် ရဲစခန်းတွင် စစ်ဆေးမှု ခံနေရခြင်းဖြစ်သည်။

Written by – ကိုပေါက်

Leave a Reply