နေပြည်တော်၊ စက်တင်ဘာ ၁၉။ ။ ပြည်သူလူထုအတွက် ဝန်ထုတ်ဝန်ပိုးတစ်ရပ် ဖြစ်စေခဲ့ သည့် ဧည့်စာရင်းတိုင်ကြားခြင်းကို ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်တော့မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီထံမှ သိရသည်။

logo-copy

အမျိုးသားလွှတ်တော်က ပေးပို့လာသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းပါ ဧည့်စာရင်းတိုင်ရန် မလိုအပ်တော့ကြောင်း ပြဌာန်း ချက်ကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးက ထပ်မံ အတည်ပြုလိုက်သည်။

ယင်းသို့ လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲခြင်းမရှိ သော ကြောင့် ယင်းပြဌာန်းချက်မှာ အတည် ဖြစ်လာမည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီဝင် ဦးကျော်စိုး လင်းကရှင်းပြသည်။

“ဧည့်စာရင်းတိုင်ကြားစရာမလိုတော့ဘူး၊ ဒါပေမယ့် တစ်လကျော်ကြာနေမယ်ဆိုရင် ရပ်ကွက်၊ ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားထားသင့်တယ်၊ ဧည့်စာရင်းမတိုင်ရင် ဘာဖြစ်မလဲဆို တော့ ဘာမှ မဖြစ်ဘူး၊ အရေးလည်းမယူပါဘူး” ဟု ၄င်းကဆိုသည်။

နေရာဒေသတစ်ခုတွင် တစ်လကျော်ကြာနေထိုင်သော်လည်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ အကြောင်းမကြားပါက ရွေးကောက်ပွဲတွင် မဲပေးရမည့် အခွင့်အရေးများ ဆုံးရှုံးနိုင်ခြင်း၊ နေရာထိုင်ခင်းအခက်အခဲ ဖြစ်နေသူတို့ နေထိုင်စရာပေးမည်ဆိုပါက စာရင်းမရှိသည့်အတွက် အခွင့်အရေးများ ဆုံးရှုံးနိုင်ကြောင်း ၎င်းကရှင်းပြသည်။

ယင်း ဥပဒေကြမ်းကို ပြည်သူလွှတ်တော်က အမျိုးသားလွှတ် တော်သို့ ပြန်လည်ပေးပို့မည် ဖြစ်ပြီး လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲမှုများရှိပါက ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးဆုံးဖြတ်ပြီး နောက် ဥပဒေ အတည်ဖြစ်လာမည်ဖြစ်သည်။

Leave a Reply