မွန်ပြည်နယ်အတွင်းပြေးဆွဲနေသောမော်တော်ယာဉ်များနှင့် မော်လမြိုင်မြို့နယ် အခြေပြုပြေးဆွဲနေသောမော်တော်ယာဉ်များတွင် တရားမဝင်နိုင်ငံခြားသားများတင်ဆောင်လာခြင်းကိုစစ်ဆေးတွေ့ရှိပါကယာဉ်လိုင်းလုပ်ငန်းလိုင်စင်ကိုသုံးလအထိပိတ်သိမ်းမည်ဖြစ်ကြောင်းမွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးကဟင်္သာမီဒီယာသို့ ပြောကြားသည်။

car-station

တရားမဝင်နိုင်ငံခြားသားများကိုတင်ဆောင်လာသောမော်တော်ယာဉ်များကိုစစ်ဆေးတွေ့ရှိပါကလုပ်ငန်းလိုင်စင် ပိတ်သိမ်းမည့်အပြင် မော်တော်ယာဉ်လက်မှတ်ရောင်းချသူဂိတ်တာဝန်ခံအပါအဝင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကိုပါ အရေးယူမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“လဝကဥပဒေမှာ နိုင်ငံသားတစ်ယောက်က တခြားနိုင်ငံတစ်နိုင်ငံကိုသွားမယ်ဆိုပတ်(စ်)ပို့ပါရမယ်၊ ဗီဇာပါရမယ်။ ဘာမှမပါရင် တရားမဝင် နိုင်ငံသားဖြစ်သွားမယ်၊အဲ့ဒါ လဝကအက်ဥပေဒအရအရေးယူရမယ်”ဟုလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးကရှင်းပြသည်။

မွန်ပြည်နယ်အတွင်းရှိမော်တော်ယာဉ်လိုင်းများအပါအဝင် တည်းခိုခန်းများ၊ ဟိုတယ်များနှင့် မိမိမြို့နယ်ရှိရပ်ကွက်ကျေးရွာထဲတွင် တရားမဝင်နိုင်ငံခြားသားများကိုတွေ့ရှိပါကသက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းထံအကြောင်းကြားရမည်ဖြစ်ကြောင်း၎င်းက ထပ်လောင်းပြောဆိုသည်။
သတင်းအပြည့်အစုံ ==>>

“အစိုးရထုတ်ပြန်ထားတဲ့ ဘင်္ဂါလီနဲ့ပတ်သက်ပြီးတော့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သွားမယ်။ အဓိကမှတ်ပုံတင်နှင့် လူနဲ့ တိုက်ပြီးမစစ်ဘဲနဲ့ တင်တဲ့ဟာမျိုးလည်း ရှိတယ်။ အခုနောက်ပိုင်းမှာသေချာစိစစ်ပြီးတော့ လက်မှတ်ရောင်းသွားမှာပါ”ဟုလှိုင်အဝေးပြေးကားကွင်းမှ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဟိန်းအောင်ကပြောသည

၂ဝ၁၆ ခုနှစ်၊အောက်တိုဘာလအတွင်းမွန်ပြည်နယ်သို့တရားမဝင်ရောက်ရှိလာသည့် ဘင်္ဂါလီ ၂၆ ဦးကိုဖမ်းဆီးရခြင်းနှင့် ပတ်သက်၍ မော်တော်ယာဉ်လိုင်းများမှလည်းမိမိအကျိုးစီးပွားကိုဦးတည်၍ တရားမဝင် ဘင်္ဂါလီများတင်ဆောင်ခြင်းမပြုလုပ်စေရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်းသိရသည်။

Written by – ရောင်နီဝင်း

2 မှတ်ချက်များ

Leave a Reply