၃ ။ ဖမ်းယူရရှိလာသော ငါးများကို မနက်အရုဏ်တက်ချိန်တွင် မော်လမြိုင်မြို့ သံလွင်ဈေးရှိ ငါးဒိုင်များသို့ သွားရောက် ရောင်းချရပါတယ်။

ငါးမဖမ်းရ ရာသီကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် မြစ်ကမ်းနံဘေးမှ တစ်နိုင်တစ်ပိုင် ငါးဖမ်းနေကြသော တံငါလှေကလေးများ အစီအရီ ထွက်လာကြပါတယ်။ မော်လမြိုင် အတ္ထရံမြစ်ကြောင်းတစ်လျှောက် ငါးဖမ်းကြသော တံငါသည်များမှာ ငါးဖမ်းပိုက်ချခြင်း၊ ကွန်ပစ်ခြင်းစတဲ့ တံငါလုပ်ငန်းများ စတင်လုပ်ဆောင်လာပါပြီ။ မြစ်ကြောင်းများ ပြောင်းလဲလာခြင်းနဲ့ လေလံအောင်ထားသော ကျားပိုက်များကြောင့် အရင်ကလောက် ငါးမရရှိတော့ကြောင်း ငန်းတေးရွာ ကမ်းနားပိုင်းက တံငါသည်အချို့က ပြောဆိုပါတယ်။

Leave a Reply