Advertisements

မော်လမြိုင် ၊ အောက်တိုဘာ ၁၈

မော်လမြိုင်မြို့ ဈေးကြိုအဝေးပြေးကားဝင်းအရှေ့တွင် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် သူနာပြုဆရာမတစ်ဦးကို ၁၂ဘီးကား ကုန်တင်ယာဉ်ဘီးဖြင့် တိုက်မိခဲ့ရာ ဦးခေါင်းကြိတ်မိသေဆုံးခဲ့ကြောင်း မော်လမြိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲအုပ် ထက်နေအောင် ထံမှသိရသည်။

“ဈေးကြိုမီးပွိုင့်ဘတ်ကနေ လာတဲ့ ၁၂ ဘီးကားကို လမ်းပြောင်းပြန်ကျော်တတ်တယ်။ အဲ့မှာတစ်ဖတ် ယာဉ်ကြောကနေ လာတဲ့ဆိုင်ကယ်ရဲ့ လက်ကိုင်နဲ့ချိတ်မိတော့ ဆိုင်ကယ်ကလဲပြီး လူကကားဘီး အောက်ကိုလွင့်တာတာ”ဟု ၎င်းက ရှင်းပြသည်။

Advertisements
data-language="en"

အဆိုပါ သူနာပြုဆရာမမှာ ဖြစ်ပွားခဲ့သည့်နေရာတွင်ပင် သေဆုံးသွားကြောင်းသိရသည်။

အဆိုပါ သူနာပြု ဆရာမသည် အလုပ်လုပ်ကိုင်သည့် ဆေးရုံးသို့သွားစဉ် ဈေးကြိုးကားဝင်းအတွင်း ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒုရဲအုပ် ထက်နေအောင်ထံမှသိရသည်။

သေဆုံးသူမှာ မနန်းလင်းလင်းဂျစ်ဖြစ်ပြီး အသက် ၂၀ခန့် ပေါင်မြို့နယ် အီဗြစ်ကျေးရွာတွင်နေထိုင်းကြောင်း ၎င်းမှထပ်လောင်းပြောကြားခဲ့သည်။

ယာဉ်တိုက်မှုကို ယာဉ်(ပ) ၃၄/၂၀၁၉ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ၎င်းထံမှသိရသည်။

စိုင်းထွန်းစံ

 

Leave a Reply