၁၈လ သမီးကလေးကို ခေါင်းဖြတ်သတ်ခဲ့တဲ့ လူသတ်သမား

Police catching Astrakhan killer

ရုရှားနိုင်ငံ အက်စထရာခမ် မြို့ မှာ အမျိုးသားတစ်ယောက်ဟာ ၁၈ လသားအရွယ် ကလေးမလေး ကို ခေါင်းဖြတ် သတ်ခဲ့တဲ့အပြင် ကလေးရဲ့ခေါင်းကို ကိုင်မြှောက်ပြီး လမ်းထဲမှာ လျှောက်သွားခဲ့တယ် လို့ဆိုပါတယ်။

အသက် ၄၂ နှစ်အရွယ် မစ် ဟေးအီလင်စကီဟာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က အမျိုးသမီး တစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့အ တွက် အရူးထောင်မှာ ထောင်ကျခဲ့ ပြီး ပြန်လွတ်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူ ပြန်လွတ်လာခဲ့ပြီးတဲ့ နောက် အခုလိုပဲကလေးလေးကို ခေါင်းဖြတ် သတ်ဖြစ်ခဲ့တာဖြစ်ပြီ အဲဒီနောက် ကလေးရဲ့မိခင်ဖြစ်တဲ့ သူ့တူမကိုလည်း ဓားနဲ့ထိုးခဲ့ပါ တယ်။ အဲဒီနောက် လမ်းထဲမှာ ရမ်းကားခဲ့ပါသေးတယ်။

အခင်းဖြစ်ပွားစဉ် ရိုက်ကူး ထားတဲ့ ဗီဒီယိုထဲမှာတော့ သူဟာ ဓားကိုကိုင်ပြီး ခြိမ်းခြောက်ခဲ့သလို အသာတကြည်အဖမ်းမခံခဲ့တာကို တွေ့ရပါတယ်။

သူ့တူမဖြစ်သူ တတီယာနာ ဟာ ဝမ်းဗိုက်မှာဓားဒဏ်ရာ ပြင်း ထန်စွာရခဲ့သလို သမီးကလေးဆုံး ရှုံးခဲ့ရတဲ့အတွက်လည်း ပူဆွေး သောက ရောက်နေရပါတယ်။

‘ကျွန်မတို့ အပြင်ထွက်ကြမ လို့လုပ်နေတာ။ ကျွန်မသမီးက လေးက သုံးဘီးစက်ဘီးကလေး ပေါ်မှာထိုင်နေတာ။ အဲဒါကို သူက သမီးကလေးကို ဆွဲချပြီးမီးဖိုချောင် ထဲဆွဲခေါ်သွားတယ်။ ပြီးတော့ တံခါးကိုပိတ်လိုက်ပြီး သမီးက လေးကို သတ်တော့တာပါပဲ။ ကျွန် မက မီးဖိုချောင်းထဲပြေးဝင်သွားပြီး တားဖို့ကြိုးစားပေမယ့်သူကကျွန်မ ဗိုက်ကို ဓားနဲ့ထိုးတယ်’ ဟု တတီ ယာနာက ပြောပါတယ်။

အီလင်စကီဟာ ကလေးရဲ့ ခေါင်းပြတ်ကိုကိုင်ပြီး လမ်းထဲမှာ လျှောက်ပြေးခဲ့တယ်လို့ ဒေသခံ သတင်းတွေအရ သိရပါတယ်။
ရဲတွေဟာ သူကို နာရီဝက် လောက်ကြာတဲ့အခါမှာ သူ့ကို ဖမ်းဆီးနိုင်ခဲ့ပြီး သူဟာဆေးရုံမှာပဲ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွား တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

Source: Metro

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်