နေပြည်တော်၊ မေ ၄

၂၀၀၈ ဖွဲ့စည်းပုံ အေခြခံဥပဒေ ပြင်ဆင်ရေးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးရည်မှန်းချက် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ဦးဝင်းထိန်က မေ ၄ ရက်က နေပြည်တော် စည်ပင်ရိပ်သာတွင် မီဒီယာများကို ပြောကြားလိုက်သည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေး ရည်မှန်းချက် ဖြစ်တယ်။

တိုင်းရင်းသားတွေနဲ့ ြငိမ်းချမ်းရေး ရခြင်းအားဖြင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ဖို့က အလားလာရှိမယ်။ အဲ့လို အလားလာရှိတဲ့ အခါမှာ ဖွဲ့စည်းပုံက မပြင်လို့ကို မရတော့ဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရော တိုင်းရင်းသားတွေကပါ လိုလားတဲ့အတွက်ကြောင့် ပြင်မှာပါ”ဟု ဦးဝင်းထိန်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပျက်သွားမည်ဆိုလျှင် တိုင်းပြည်ကို မည်သူအုပ်ချုပ်မည်ဆိုသည်ကို စဉ်းစားရန် လိုအပ်ကြောင်း ဦးဝင်းထိန်က ဆက်ပြောသည်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုတဲ့ အချိန်မှာတုန်းက ကျွန်တော်က ထောင်ထဲမှာပါ။ အပြင်က NLD ပါတီဝင် လူကြီးလူငယ်များစုက ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမတူဘူး။ မထောက်ခံဖို့ တိုက်တွန်းတယ်။ စည်းရုံးတယ်။ စည်းရုံးတာ မအောင်မြင်ဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အတည်ဖြစ်သွားတယ်။ အဲဒီချိန်တုန်းက သူတို့ ဘယ်မှာ အိပ်နေမှန်း မသိဘဲနဲ့ အခုချိန်ကျမှ လုပ်တာက နိုင်ငံရေး သဘောအရဆိုရင် သဘောရိုးတယ်လို့ ပြောလို့မရပါဘူး”ဟု ဦးဝင်းထိန်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးရည်မှန်းချက် ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး process၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး နှစ်ခုမှာ ချိတ်ဆက်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Written by – ဝေဖြိုး (မြစ်မခ)

Leave a Reply