မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇ ။ ။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မကုန်မီ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ မွန်ပြည်နယ် အတွင်း အခွန်ငွေ ကျပ်သန်းပေါင်း ၉၄၆၉ ဒဿမ ၆၄၈ ထိကောက်ခံရရှိထား ကြောင်း မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးမှ သိရသည်။

ယခုဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်၌ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နှင့်အောင်ဘာ လေသိန်းဆု အခွန်များအတွက် ကျပ်သန်းပေါင်း ၈၆၄၅ ဒဿမ ၈၀၃ လျာထားသော်လည်း ကျပ်သန်းပေါင်း ၉၄၆၉ ဒဿမ ၆၄၈ ရရှိ နေပြီးဖြစ်ကြောင်း မွန်ပြည်နယ် အခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က ပြောသည်။

“ပြောင်းလဲလိုက်တဲ့ စီးပွားရေးစနစ်အရ လုပ်ငန်းအသစ်တွေ ဝင်လာတာရှိမယ်၊ ကန်ထရိုက်တွေ အများကြီး ပေါ်လာတယ် အရင်တုန်းကမရှိဘူး အဲတော့နိုင်ငံတော်ရဲ့ အသုံးစရိတ် ပိုရလာတယ်၊ အဆောက်အဦဆောက် ဖိ့ု ထပ်ချပေးတယ်၊ ကန်ထရိုက်တွေ ထပ်တိုးလာတယ် အဲဒီကနေ အခွန်တွေပြန်ရတယ်”ဟု ၎င်းက ပြောဆို သည်။

ပြီးခဲ့သော ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်၏ အခွန်ကောက်ခံမှု လျာထားချက်မှာ ၆၄၄၉ ဒဿမ ၅၇၂ ဖြစ်ပြီး ကောက်ခံရရှိမှုမှာ ၈၅၄၃ ဒဿမ ၂၂၂ ထိ ရရှိကြောင်း မွန်ပြည်နယ်အခွန်ဦးစီးဌာနရုံးမှ သိရသည်။

Leave a Reply