မွန်ပြည်နယ်တွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြား ကုမ္ပဏီ များထဲတွင် မလေးရှား နိုင်ငံမှ PTTEP International ကုမ္ပဏီသည် မုတ္တမ ကမ်းလွန် ဒေသ၌ အမေရိကန် ဒေါ်လာ (၂၁၄၆) သန်းကို စွမ်းအင် ကဏ္ဍ၌ အတွက် ရင်းနှီး မြှုပ်နှံထားပြီး စွမ်းအင် ကဏ္ဍ ရင်းနှီး မြှုပ်နှံထားသည့် ကုမ္ပဏီ ၁၈ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် အပြင် မွန်ပြည်နယ်၏ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွင် အများဆုံး ဖြစ်သည်။ (ဓါတ်ပုံ - National Energy Group of Companies)
မွန်ပြည်နယ်တွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြား ကုမ္ပဏီ များထဲတွင် မလေးရှား နိုင်ငံမှ PTTEP International ကုမ္ပဏီသည် မုတ္တမ ကမ်းလွန် ဒေသ၌ အမေရိကန် ဒေါ်လာ (၂၁၄၆) သန်းကို စွမ်းအင် ကဏ္ဍ၌ အတွက် ရင်းနှီး မြှုပ်နှံထားပြီး စွမ်းအင် ကဏ္ဍ ရင်းနှီး မြှုပ်နှံထားသည့် ကုမ္ပဏီ ၁၈ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် အပြင် မွန်ပြည်နယ်၏ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွင် အများဆုံး ဖြစ်သည်။ (ဓါတ်ပုံ - National Energy Group of Companies)
မွန်ပြည်နယ်တွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြား ကုမ္ပဏီ များထဲတွင် မလေးရှား နိုင်ငံမှ PTTEP International ကုမ္ပဏီသည် မုတ္တမ ကမ်းလွန် ဒေသ၌ အမေရိကန် ဒေါ်လာ (၂၁၄၆) သန်းကို စွမ်းအင် ကဏ္ဍ၌ အတွက် ရင်းနှီး မြှုပ်နှံထားပြီး စွမ်းအင် ကဏ္ဍ ရင်းနှီး မြှုပ်နှံထားသည့် ကုမ္ပဏီ ၁၈ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် အပြင် မွန်ပြည်နယ်၏ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွင် အများဆုံး ဖြစ်သည်။ (ဓါတ်ပုံ – National Energy Group of Companies)

မော်လမြိုင် ၊ ဇန်နဝါရီ ၂၅

၂၀၁၆ ခုနှစ် တစ်နှစ်တာ အတွင်း မွန်ပြည်နယ်၌ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု တစ်ခုမှ မရှိခဲ့ကာ ပြည်တွင်း ရင်းနှီး မြှုပ်နှံမှုသာ ရှိ၍ ပြည်တွင်း ကုမ္ပဏီ (၁၁) တို့ကသာ လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း ပြည်နယ် ရင်းနှီး မြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ဟင်္သာ မီဒီယာသို့ ပြောကြားသည်။

“ဒီအစိုးရသစ် လက်ထက် မှာတော့ ပြည်တွင်း လုပ်ငန်းရှင်တွေက ဝင်သလောက်တော့ ဝင်တယ်၊ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ကတော့ လက်ရှိ အချိန်အထိ တစ်ဦးမှ လာရောက် ရင်းနှီး မြှုပ်နှံ ထားတာ မရှိသေးဘူး”ဟု အမည်မဖော် လိုသည့် အဆိုပါ အကြီးတန်း တာဝန်ရှိသူက ဆိုပါသည်။

၂၀၁၆ ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာ (၃၁) ရက်နေ့ အထိ တစ်နှစ်တာ အတွင်း၌ ပြည်တွင်း ကုမ္ပဏီ (၁၁) ခုတို့သည် ကျပ်သန်းပေါင်း (၅၁၅၃၁၉) သိန်း ရင်းနှီးမြှုပ်နှံ ထားကြောင်း ၎င်းက ဆက်ပြောသည်။

ထိုရင်းနှီးမြှုပ်နှံထားသည့် ပြည်တွင်း ကုမ္ပဏီ များထဲတွင် “ဇွန်” ဘိလပ်မြေ၊ စက်မှု လက်မှုနှင့် ထုတ်လုပ်မှု လီမိတတ်မှ ကျပ်သန်း (၄၈၀၀၀၀) ဖြင့် ပထမ အများဆုံး ၊ Long Life Aggregate Mining ကုမ္ပဏီ လီမိတတ်မှ ကျပ်သန်း (၂၆၃၄၅ ဒဿမ ၅) ဖြင့် ဒုတိယ အများဆုံးနှင့် Mya Kan Engineering ကုမ္ပဏီ ကျပ်သန်း (၁၂၉၃၂ ဒဿမ ၂) ဖြင့် တတိယ အများဆုံး ရင်းနှီး မြှုပ်နှံ ထားပါသည်။

၂၀၁၆ ခုနှစ် အတွင်း မွန်ပြည်နယ်၌ လာရောက် ရင်းနှီး မြှုပ်နှံရန် အတွက် ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီများမှ ဆွေးနွေးမှု အများ အပြား ရှိခဲ့ သော်လည်း လွှတ်တော် အဆုံး အဖြတ် ရယူရန် ရှိနေသည့် အတွက် လက်ရှိအချိန်ထိ မည်သည့် နိုင်ငံတကာ ကုမ္ပဏီကိုမှ လုပ်ပိုင်ခွင့် ပေးထားခြင်း မရှိ သေးကြောင်း ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးမှ ဟင်္သာမီဒီယာသို့ ရှင်းပြသည်။

သဘာဝ ဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ် ဓာတ်အား ၄၇၅ မဂ္ဂါဝပ် ထုတ်လုပ်မည့် စက်ရုံတစ်ခု တည်ဆောက်ရန် အတွက် လာရောက် တင်ပြ ထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာ ဖက်စပ် ကုမ္ပဏီ ဖြစ်သည့် Bedok Construction & Engineering Group ကုမ္ပဏီ၏ တင်ပြ ထားမှုအား မွန်ပြည်နယ် အစိုးရ အဖွဲ့မှ သဘောတူ ထားပြီး ဖြစ်သော်လည်း ပြည်နယ် လွှတ်တော်က လက်ခံ ဆွေးနွေး ရဦးမည် ဖြစ်၍ လက်ရှိတွင် ခွင့်ပြုချက် မပေးရ သေးကြောင်း ဦးထွန်းဌေးက ဆက်လက် ရှင်းပြသည်။

မွန်ပြည်နယ်တွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြား ကုမ္ပဏီ များထဲတွင် မလေးရှား နိုင်ငံမှ PTTEP International ကုမ္ပဏီသည် မုတ္တမ ကမ်းလွန် ဒေသ၌ အမေရိကန် ဒေါ်လာ (၂၁၄၆) သန်းကို စွမ်းအင် ကဏ္ဍ၌ အတွက် ရင်းနှီး မြှုပ်နှံထားပြီး စွမ်းအင် ကဏ္ဍ ရင်းနှီး မြှုပ်နှံထားသည့် ကုမ္ပဏီ ၁၈ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် အပြင် မွန်ပြည်နယ်၏ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွင် အများဆုံး ဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံ MCL ဘိလပ်မြေစက်ရုံသည် မွန်ပြည်နယ်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၄၁၄) သန်းကို ရင်းနှီး မြှုပ်နှံထားပြီး စက်မှု ကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့် ကုမ္ပဏီ ဖြစ်သည်။

မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုထားသည့် လုပ်ငန်းများတွင် စက်မှုကဏ္ဍာ လေးခု၊ ဝန်ဆောင်မှု ကဏ္ဍာ တစ်ခု၊ စွမ်းအင်ကဏ္ဍာ ၁၈ ခု အပါအဝင် စုစုပေါင်း လုပ်ငန်း ၂၄ ခုရှိ၍ လုပ်ငန်းအများစုသည် မုတ္တမ ကမ်းလွန် ဒေသတွင် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းကို လုပ်ကိုင် လျက်ရှိသည်။

မွန်ပြည်နယ်တွင် ၁၉၉၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၂၂ နှစ်အတွင်း နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ သန်း (၅၄၃၃) ကျော်ရှိကြောင်း မွန်ပြည်နယ် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်း များတွင် ဖော်ပြ ထားသည်။

ဇော်ထိုက်

Leave a Reply