Advertisements

မေး။ ညီလေးရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ အတွေကြုံလေးပြောပြပေးပါလား။

ဖြေ။အတွေ့အကြုံကတော့ ကစားအားကောင်းလာလေလေ အတွေ့အကြုံကောင်းတွေရလေလေပါပဲ နောက်ပြီး အစ်ကိုတွေရဲ့သင်ပြ လမ်းပြမှူတွေကြောင့် အခုလိုကြိုးဝိုင်းပေါ်မှာကစားနိူင်ခြင်းဖြစ်တယ် သင်ဆရာတွေရော မြင်ဆရာတွေရော အများကြီးပါပဲ အခုလိုပွဲကြီးတွေ မကစားခင်ကဆို အစ်ကိုတွေထိုးတာ လိုက်ကြည့်တယ် နောက်ပိုင်းတော့ မျိုးရိုးဗဇက အလိုလို စင်ပေါ်တက်ခြင်လာတယ် ညီးကို ၄ယောက်လုံးကတော့ ဝါသနာအိုးတွေပါ
ပဲ အတွေ့အကြုံကတော့ အနီးမှာပဲဆိုတော့ လေ့ကျင့်ခန်းတွေတော့ ပြင်းပြင်းထန်ထန်ခိုင်းတယ် အစ်ကိုတွေကို စိတ်ဆိုးတယ် ကိုယ်တကယ်ကစားရတော့ လေ့ကျင့်ခန်းပြင်းထန်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့် ရလဒ်ကောင်းတွေရလာပါတယ်။

မေး။ အခုညီလေးရဲ့ ကြိုးဝိုင်းပွဲပေါင်းဘယ်လောက်ထိယှဉ်ပြိုင်ပြီးပြီးလဲ။ ရလဒ်တွေကိုလည်းသိချင်းပါတယ်ယ်။
ဖြေ။ဟုတ်ကဲ့ အခုကျွန်တော် ကြိုးဝိုင်းပွဲပေါင်း၃၅ပွဲ ထိုးခဲ့ပါတယ် သရေ၁၀ပွဲ အရှုံးမရှိခဲ့ပါဘူး။

မေး။ ညီလေးကြိုးဝိုင်းပေါ်ရောက်တဲ့အခါ ရင်ခုန်လေးသိပါရစေ ပြိုင်ဘက်အပေါ် ဘယ်လိုမြင်မိပါလဲ။
ဖြေ။ဒါကတော့ လက်ဝှေ့သမားတိုင်းကတော့ ကိုယ်ပြိုင်ဘက်ကိုကိုယ်ဘယ်လိုအနိူင်ယူရမလဲ နောက်ပြီး ပြိုင်ဘက်နဲ့ ပထမဆုံးရင်ဆိုင်ရမယ်ဆိုတော့ သူအားနည်းချက်ကိုဘယ်လိုရှာရမလဲ..တစ်ယောက်ကို တစ်ယောက်ရင်ခုန်ရင်း နောက်ဆုံး ရလဒ်တစ်ခုထွက်ပေါ်လာတာပဲ။

မေး။ ညီလေးအခုလို ရွှေခါးပတ်မရခင် တုန်းကရော ဆုတွေရဖူးလား။ဘယ်လိုခံစားရလဲ။
ဖြေ။ရဖူးပါတယ် ၂၀၁၆တုန်းကတော့ ကရင်ပြည်နယ်ကိုယ်စားပြုအနေနဲ့ ရွှေတံဆိပ် ဆုကိုရယူ
ပေးခဲ့ပါတယ်။ ၂၀၁၇မှာတော့ တစ်နိူင်ငံလုံး၅၄ကီလိုဝိတ်တန်းအနေနဲ့ ရွှေခါးပတ်ကိုရယူခဲ့ပါတယ်။ ရွှေခါးပတ်ကိုရတာ သိန်းတစ်သောင်းထီပေါက်သလိုခံစားရတယ် အရမ်းလည်းကျေနပ်မိတယ် ။ အားပေးတဲ့ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

မေး။အခုလက်ရှိရော ကစားဖို့ရှိလား ။ အခုဘယ်ကလပ်မှာ ကိုယ်စားပြုကစားနေလဲ။
ဒီလာမယ့် နိုဝင်ဘာ ၁၈ရက်မှာကစားဖို့ရှိပါတယ်။ ခုတော့ ရန်စစ်ငြိမ်း ကလပ်မှာကစားနေပါတယ်။

မေး။ ပရိတ်သတ်တွေကိုရော ညီလေးအနေနဲ့ဘာများပြောချင်ပါသေးလဲ။
ဖြေ။ဟုတ်ကဲ့ အားပေးနေတဲ့ဝါသနာရှင်များအားလုံး ကိုအထူးပဲကျေးဇူးတင်သလို အားပေးတဲ့ပရိတ်တွေကို အကောင်းဆုံးကျေနပ်မှူရှိအောင် စကားပေးသွားပါမယ် ကျွန်တော်ရဲ့ကစားတဲ့အပေါ်မှာလည်း မည်သူမဆို အကြံပြုပါ ဝေဖန်ပေးပါလို့. အားပေးတဲ့မိဘပြည်သူများအားလုံး ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသားကြပါစေ အားလုံးကိုကျေးဇူးတင်ပါတယ် ။

Written by – မင်းချစ်ကို

Leave a Reply