Advertisements

အောက်တိုဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၂၀၁၇ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အာစရိယပူဇော်ပွဲနဲ့ ဆရာများနေ့အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မော်လမြိုင်မြို့ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၂ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး မွန်ပြည်နယ်မှာတော့ ၂၀၀၄ ခုနှစ်မှာ ပြည်နယ်အဆင့် စတင်ကျင်းပနိုင်ခဲ့သလို ၂၀၁၇ ခုနှစ် ယခုနှစ်မှာတော့ ၁၃ ကြိမ်မြောက်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ် ကမ္ဘာဆရာများနေ့ဆောင်ပုဒ်ကတော့ လွတ်လပ်စွာ သင်ကြားဖို့ ဆရာများကိုအားပေးစို့ ( teaching in Freedom, Empowering Teacher) ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ကိုဆက်နေက တင်ဆက်ပေးထားပါတယ်။

Advertisements
<

Leave a Reply