Advertisements

မော်လမြိုင်၊ ဇန်နဝါရီ ၃

မွန်ပြည်နယ်တွင် ၂၀၁၇ တစ်နှစ်တာ ကာလအတွင်း အမှုကြီး ၁၀ မျိုးတွင် အမှုပေါင်း ၁၃၆ မှုဖြစ်ပွားခဲ့ပြီး ထိုထဲတွင် မုဒိမ်းမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အမှုကြီး ၁၀ မျိုးတွင် မုဒိမ်းမှု ၆၁ မှု၊ လူသတ်မှု ၅၄ မှု၊ လုယက်မှု ၁၄ မှု၊ ဓါးပြမှု တစ် မှု၊ ပြန်ပေးဆွဲမှု တစ် မှု၊ ဖောက်ထွင်းမှု တစ် မှု ၊ တိရစ္ဆာန်ခိုးယူမှု တစ် မှု၊ မတရားအသင်းမှု သုံး မှု ဖြစ်ပွားခဲ့ပြီး လက်နက်မှုနှင့် နိုင်ငံတော် ပုန်ကန်မှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီး ခင်ဇော်ဝင်းက ပြောသည်။

“မနှစ်ကထက် အမှုဖြစ်တာက များလာတယ်။ အများဆုံးကတော့ မုဒိမ်းမှု၊ ဒုတိယအများဆုံးကတော့ လူသတ်မှု။ဒါပေမယ့် လူသတ်မှုကတော့ မနှစ်ကထက် ရှစ် မှု လျော့သွားတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၆ တွင် ဖြစ်ပွားသည့် အမှုကြီး ၁၀ မျိုးတွင် လူသတ်မှု ၆၂ မှု၊ မုဒိမ်း ၅၃ မှု၊ လုယက်မှု နှစ် မှု၊ တိရစ္ဆာန်ခိုးယူမှု သုံး မှု ၊ လက်နက်မှု တစ် မှု၊ မတရားအသင်း နှစ် မှုဖြစ်ပွားခဲ့ပြီး အမှု စုစုပေါင်း ၁၂၃ မှု ဖြစ်ပွားခဲ့ကြောင်း ထိုရဲတပ်ဖွဲမှူးရုံး စာရင်းများတွင် ဖော်ပြထားသည်။

ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းကျဆင်းရေးအတွက် မြို့နယ်အလိုက် မှုခင်းပြခန်းယာဉ်ဖြင့် မူးယစ်ဆေးဝါ အန္တရာယ်၊ လူကုန်းကူးခံရမှု ၊ အမျိုးသမီးများ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားသည့် အခြေအနေများကို အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်လျက်ရှိကြောင်း တပ်ကြပ်ကြီး ခင်ဇော်ဝင်းက ပြောဆိုသည်။

Written by ခင်နန်းဌေး

Advertisements
<

Leave a Reply