ရန်ကုန်၊ သြဂုတ် ၂၂ ။ ။ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် လာမည့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်း တွင် ကြားဖြတ်ရွေး ကောက်ပွဲကျင်းပရန် လျာထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ထံ မှသိရသည်။
ရွေးကောက်ပွဲ ဥပဒေများအရ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လုပ်ငန်းစဉ်များကို ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်က ဆုံးဖြတ်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်မူ ရက်အတိအကျကို ထုတ်ဖော်ပြောဆိုနိုင် ခြင်းမရှိသေး ကြောင်း အဆိုပါကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူ ကပြောကြားသည်။
“ရွေးကောက်ပွဲရဲ့ သဘောတရားက အများယုံကြည်လေးစားမှုရှိအောင်ဆိုရင် ပုံမှန်လုပ်နေကျရက်မှာပဲ လုပ်ပါလိမ့်မယ်။
အဲဒါကြောင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဘယ်နေ့မှာလုပ်ခဲ့တာလဲ ပြန်ကြည့်မယ်ဆိုရင် အဖြေထွက်လာပါလိမ့်မယ်”ဟု၎င်းကဆိုသည်။
ပထမဆုံးအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အလားတူ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခြင်းဖြစ်ပြီး ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကိုလည်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။